ZAWGYI
ဒီလောက်မြန်မြန်မင်းကိုသဘောကြမိသွားမယ်လို့
ပိုင်ဆိုင်ချင်လာလိမ့်မယ်လို့ ကိုယ်မထင်ခဲ့ဘူး. . .
ပြီးတော့ ဆောရီး ဘေဘီ ကိုယ်မရည်ရွယ်ပါဘူး
ပထမဆုံးအနမ်းကို စက္ကန့်အနည်းငယ်စာလောက်လေးနဲ့ သိမ်းပိုက်မိတဲ့အတွက်. . .••••••••
ဘတ်ဟျွန်းကားနက်လေးထဲ ချန်ယောလ်ကို အသေအချာပို့ပေးလိုက်ပြီးမှ တစ်ဖက် ကားမောင်သူဘက်မှာ ဝင်ထိုင်လိုက်သည်။
ကျောင်းဝတ်စုံနဲ့ ချန်ယောလ် က
ဖြူ နုနုအလင်းတွေနဲ့ မွတ်သိပ်နေတဲ့ ဂွမ်းဖက်လေးလို ဖြစ်နေပြန်လေရဲ့။နစ်ခ် မပါရင်မလိုက်ပါဘူး ဘူးခံငြင်းနေပြန်တာကြောင့် ဘတ်ဟျွန်းခမျာ နစ်ခ်ကို အပါခေါ်လာရသည်။
"ဘေဘီ ခါးပတ်ပတ်"
ခါးပတ်ပတ်ဖို့ လက်လှမ်းပေးတော့ ချန်ယောလ်က အမြန်ပဲ ကောက်တပ်လိုက်သည်။
"ဘေ ဘီ ဆိုတာ ချန့်ကိုခေါ်တာလား"
"အင်း"
"ချန် က အဲ့လိုကလေးလေးမှ မဟုတ်တာ"လူကိုစကားပြောဖို့က ကြောက်လည်းကြောက် သူပြောချင်တာကိုလည်းပြီးအောင်ကပြောချင်။
ဟိုဒီပြေးနေတဲ့ မျက်စံလေးကို ဘတ်ဟျွန်းလိုက်ဖမ်းကာ အကြည့်ဆုံပစ်လိုက်ပီး
"ကိုယ့်မျက်လုံးထဲ ကလေးလိုဖြစ်နေတာကိုကော သိရဲ့လား"
"မ မသိဘူး"
"သိအောင်ပြောပြပေးမယ်"
"ဟင့်အင်း"စူတူတူမျက်နှာလေးက တကယ်ကိုပါးပေါက်အောင်နမ်းပစ်ချင်စရာ။
သူ့ကိုစကားဆဖြတ်ဖို့ နောက်ခန်းက နစ်ခ် ကို ဟိုထိဒီထိနဲ့ အလုပ်များချင်ယောင်ဆောင်လိုက်တဲ့ ကောင်လေး။
"ကျောင်းရှေ့မှာပဲ ရပ်ပေးရတယ်"
ကျောင်းရှေ့ရောက်ရောက်ချင်း စူးခနဲထွက်လာတဲ့ အသံလေးကြောင့် ဘတ်ဟျွန်းကားကို အမြန်ထိုးရပ်လိုက်ရသည်။

YOU ARE READING
Big Boss And His Mochi [ COMPLETE ]
FanfictionBoss will always protect his adorable Mochi!!