Unicode
ဆောင်းဦးမို့ ခပ်စိမ့်စိမ့်လေးဖြစ်နေတဲ့ ရာသီဥတုမှာ ဗြောင်အိမ်တော်ရဲ့အခန်းလေးတစ်ခန်းကတော့ နွေးနွေးထွေးထွေးပဲရှိနေတယ်။
"ဟင်းးး ကိုကို"
ညဘက်ကြီးနိုးလာတဲ့ ချန်ယောလ်က ပြန်အိပ်မရတာနဲ့ ဘတ်ဟျွန်းကိုပါနှိုးတော့သည်။
သူ ဒီဘက်ရက်တွေမှ ညတိုင်းနိုးနေမိတာ ခဏခဏပဲ။"လူဆိုး ထဦးလို့"
တော်တော်နဲ့မထတဲ့ သူ့ကိုချန်ယောလ်စိတ်ပေါက်လာသည်။
"မထနေပေါ့ ဟွန်း!"
ဖုန်းဆွဲယူလိုက်ပီး ဂိမ်းဆော့နေတုံး ခြေသံလိုလိုဘာလိိုလို တွန်းလှဲဆွဲသံလိုလိုအသံတွေထွက်လာတာမို့ ချန်ယောလ်ကျောစိမ့်သွားရသည်။
"ဘာ ဘာလဲ"
သေချာနားထောင်ကြည့်တော့ အသံကမကြားရတော့ပြန်ဘူး။
"ကိုကိုရေ ကိိုကိုလို့ ထပါဦး ဟင့်"
ငိုသံနဲနဲစွပ်လာတော့မှ အင်းအဲလုပ်ပီး မျက်လုံးတွေပွင့်လာလေရဲ့။
"ဘေဘီလေး"
"ခြေသံတွေကြားလို့"
"ဘယ်သူမှမရှိပါဘူးကွာ စိတ်မပူနဲ့ မိုက်ကယ်တို့ဒီနေ့ မီးပုံပွဲလုပ်ကြမှာ ဘယ်သူမှဝင်မလာနိုင်ဘူး နော်"ချော့မော့ပြီး ရင်ခွင်ထဲဆွဲသွင်းတော့ ပိုကြောက်သွားဟန် လက်တွေနဲ့တွန်းလာသည်။
"အဲ့ဒါပြောတာလေ ဘယ်သူမှမလာပဲဘာလို့ခြေသံကြားနေမှာလဲလို့"
"ကိုယ့်အိမ်မှာသရဲမရှိဘူးလေကွာ ပေါက်ကရတွေမတွေးရဘူး အိပ် အိပ်"နှဖူးလေးကိုမွခနဲ အကြင်နာပေးလိုက်ပြီး ခါးကနေ ဆွဲဖက်ထားလိုက်သည်။
"ဒါပေမဲ့ ချန်မှအိမ်မပျော်တော့တာ"
"ကိုကိုချော့သိပ်မယ်"ခုနလေးတင် အိပ်ချင်မူးတူးဖြစ်နေတဲ့သူက မျက်လုံးတွေပြန်ကျယ်လာပြီး ခေါင်းငုံ့ကျလာရဲ့။
"ဘာလဲ နမ်းမို့လား"
"အင်း"
"ဖွဖွလေးပဲနမ်း"
"အဟက်"သဘောကျ အဖိအဖွကောင်းကောင်းနဲ့ ဆွဲပြီးနမ်းရှိုက်ပေးလိုက်တော့ အလိုက်တသိလိုက်ပါလာရင်းကနေ မျက်တောင်တွေမှိတ်ကျလာသည်။
အနမ်းနဲ့သိပ်မှအိပ်တဲ့ အဆ်ိုးလေး။
YOU ARE READING
Big Boss And His Mochi [ COMPLETE ]
FanficBoss will always protect his adorable Mochi!!