အပိုင်း-၃၂ (အပိုငျး-၃၂)

5.4K 518 28
                                    

Zawgyi

ပါးပြင်​ကိုလာထိတဲ့အထိအ​တွေ့က နူးနူးညံ့ညံ့။

ချန်​​ယောလ်​ အင်းအဲအသံပြုမိပီး မျက်​ရည်​​တွေဖွင့်​ကြည့်​လိုက်​​တော့ ခပ်​ရှင်းရှင်းမျက်​နှာကအထင်းသား​ပေါ်လာသည်​။

"ဟင်​?"

အိပ်​ချင်​မူးတူးအသံ​ ဟင်​ ဆိုတာ​လေးက ဘာများသ​ဘောကြစရာ​ကောင်းလဲမသိ​ပေမဲ့ သူ​က​တော့ ခပ်​​သော​သောရယ်​​နေ​တော့တာ။

"ကိုကို?"
"အင်း ​ဘေဘီ"
"အ စပ်​တယ်​"

ပါးကိုထိ​တွေ့​နေတာ ​ဆေးတို့ထားတဲ့တုတ်​တံအ​သေး​လေးမှန်း ခုမှမြင်မိသည်​။

နေဦး ဒါက!
ခု သူက!!
ကိုကို့အခန်းထဲမှာ!!!

"ချန်​ဒီကို!"
"ကိုကို​ခေါ်လာတာ​လေ"
"ဘာ ဘာလုပ်​တာလဲ ပြန်​ပို့​ပေးအခု!"

ထထိုင်​ဖို့​လုပ်​​တော့​ခေါင်းရှိဒဏ်​ရာကဆစ်​ခနဲ။
ခြေ​ထောက်​တစ်​ဖက်​ကလဲ သူ့ကိုမလှုပ်​​နိုင်​​အောင်​ ချုပ်​ထားသလိုခံစားရ​စေသည်​။
ဘတ်​ဟျွန်းက သူ့ကိုပခုံးက​နေထိန်း​ပေးရင်းပြန်​​လှဲ​စေကာ

"​ဟေး မူးမယ်​​လေ​ကွာ ​ဘာလိုချင်​လို့လဲ​ကိုယ့်​ကို​ပြော"
"အိမ်​ပြန်​မယ်​"
"အဲ့ဒါ​တော့မရဘူး"
"ဟင့်​ မုန်းတယ်​ပြန်​ပို့​ပေး!"

ဟင့်​ခနဲမဲ့ကျလာတဲ့မျက်​နှာ​လေးကို ဘတ်​ဟျွန်းပြုံးပြီးကြည့်​မိ​တော့ သူ့ကိုတွန်းကန်​လာတဲ့လက်​က​လေး။

"​ငြိမ်​ငြိမ်​​နေ​​အဆိုး​လေး ​ဆေးထည့်​ပေး​နေတုံးကို"
"ထွက်​​ပြေးမှာ"
"ရရင်​လုပ်​​လေ ကိုယ်​ကအနားမှာအမြဲရှိ​နေမှာထွက်​​ပြေးလို့ရရင်​​ပြေးကြည့်​​ပေါ့"
"ဂျွန်​ဂျွန်​စိတ်​ပူ​နေလိမ့်​မယ်​ ပြန်​ပို့​ပေးပါချန့်​ကို အင့်​ ချန်​ကိုကို့ကိုအရမ်းမုန်းပစ်​လိုက်​မှာ​နော်​!!"
"​ဘေဘီကိုယ်​တိုင်​ ​ဘေဘီ့သ​ဘောနဲ့ ခိုးရာလိုက်​​ပြေးတယ်​လို့ပဲသူတို့သိ​လောက်​မှာ အခုချိန်​ဆိုသိ​တောင်​သိပီး​​နေပီ"

နှုတ်​ခမ်းဖိကိုက်​လိုက်​တဲ့ချန်​​ယောလ်​က ဘတ်​ဟျွန်းကို စူးစူးရဲရဲကြည့်​လာ​​သည်​။ချန်​​ယောလ်​ဆီက ပထမဆုံးရဖူးတဲ့အကြည့်​​တွေကို ဘတ်​ဟျွန်းကသ​ဘေသာ ​ငေးကြည့်​​နေ​တော့သည်​။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now