အပိုင်း-၃၆(အပိုငျး-၃၆)

5.3K 498 56
                                    

Zawgyi

ဘတ်​ဟျွန်း နဲ့ ဂျုံအင်​ ထမင်းစားခန်း​ဘေးက ရုပ်​ရှင်​ကြည့်​ဖို့သက်​သက်​ထားထားတဲ့ အခန်းထဲအတူရှိ​နေကြသည်​။

"​တောင်းပန်​ပါတယ်​ဆိုဗျာ"
"ငြိမ်​ငြိမ်​​နေစမ်းဂျုံအင်​"

သစ်​သားထိုင်​ခုံအပု​လေး​လေး​ပေါ် ​ခြေ​ထောက်​တစ်​ဖက်​ထဲ​ထောက်​ရပ်​ထားရပီး ​မြှောက်​ထားရတဲ့လက်​နှစ်​ဖက်​​ပေါ်မှာလဲ စာအုပ်​အထပ်​လိုက်​နဲ့။

ဘတ်​ဟျွန်းက ​​ခြေ​​ဆော့လက်​​ဆော့ရှိလို့ဆိုပီး ​ခြေ​ငြိမ်​လက်​ငြိမ်​​အောင်​ အပြစ်​​ပေးတာပါတဲ့။

"​သူတို့​သောာက်​ချင်​တယ်​ဆိုလို့တိုက်​တာပါဆို​ ဟာ! ဆမ်း ဆမ်းချွန်း!! ကြိမ်​လုံးကဘာလို့လဲ!"

ကြိမ်​လုံးဆွဲထုတ်​လာတဲ့ ဘတ်​ဟျွန်း​ကြောင့်​ ဂျုံအင်​က လှုပ်​လှုပ်​ရှားရှားဖြစ်​သွားကာ လက်​ထဲကစာအုပ်​​တွေပြုတ်​ကြကုန်​ပီး ​​ခြေ​ချော်​ကာ ဝုန်းခနဲ ထို​င်​လျက်​ကြသွား​တော့သည်​။

"မင်း အိမ်​ပြန်​​တော့!"
"အ​မေဖုန်းဆက်​ပြန်​ပီလား မပြန်​ဘူး​ပြောထားတာကို အာရုံပဲအ​ဒေါ်ကြီးက​တော့"
"​ခွေး​ကောင်​"

ဘတ်​ဟျွန်းလက်​ထဲက ကြိမ်​လုံးက ဂျုံအင့်​တင်​ပါး​ပေါ်​ဖက်​ခနဲ။

"ငါ့အမကိုများ မ​လေးမစားနဲ့"
"ကျွန်​​တော့အ​မေ!"
"​​နေပါဦး အိမ်​ပြန်​ရမှာ​သေမတတ်​​ကြောက်​​နေတာ ဘာလို့လဲ"

projector​ရှေ့က ဆိုဖာနိမ့်​​လေးမှာ ဝင်​ထို​င်​ခိုင်းရင်း စကားစမိ​တော့ ဂျုံအင်​မျက်​နှာက မဲသွားသည်​။

"စာ​မေးပွဲပီးရင် ​အ​ဖေ့အသိကုမ္ပဏီမှာအလုပ်​ဝင်​ရမယ်​ဆိုလို့"
"အပျင်းကြီးပီးကိုရီးယား​​ရောက်လာတယ်​​ပေါ့"
"ဆမ်းချွန်း ဒီမယ်​ကြည့်​ ကျွန်​​တော်​မ​ချောဘူးလား"
". . . ."

ဗလိုင်းကြီးသူ့ရုပ်​ရည်​ကိုထကြွားတဲ့ဂျုံအင်​။

"​မော်​ဒယ်​လုပ်​မှာဗျ! ကုမ္ပဏီအလုပ်​ကိုအ​စောကြီးလက်​ခံလိုက်​ရင်​ အ​ဖေက အသားကုန်​ခိုင်း​တော့မှာနဲ့ ကျွန်​​တော်​လုပ်​ချင်​တာလုပ်​ရမှာကိုမဟုတ်​ဘူး"
"ပြသနာမရှာနဲ့"
"ဘာကိုလဲဆမ်းချွန်းရ"

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now