အပိုင်း-၄၆(အပိုငျး-၄၆)

6.6K 459 97
                                    

Zawgyi

ချန်ယောလ် ပါးကိုလာတို့ထိနေတဲ့ အထိအတွေ့ကိုခံစားနေရသည်။

အိပ်ချင်နေဆဲသူ့စိတ်ကြောင့် မျက်လုံးတွေမဖွင့်ပဲ ပါးပေါ်ကျူးကျော်နေတဲ့ လက်ချောင်းတွေကို လက်ဖမိုးနဲ့ဖယ်ထုတ်ပစ်လိုက်တယ်။

"ဟေး ကလေးလေး"

အသံနဲ့ကော အထိအတွေ့နဲ့ပါနှိုးလာတာမို့ အအိပ်မက်တဲ့ချန်ယောလ်က ဒေါသထွက်လာရသည်။

"သွားကွာ~"

အိပ်ချင်မူးတူးအသံလေးနဲ့ပြောမိတော့ သူကရယ်ပြန်တယ်။

"ဟက်ဟက် ထပါဉီးဘေဘီရဲ့ ၁၁တောင်ထိုးနေပီ"

ထွက်လာတဲ့ အသံကနွေးထွေးမှုအပြည့်ပေမဲ့ ချန်ယောလ်ကတော့ ပိုလို့တောင်ဒေါသထွက်သွားရလေသည်။

ခေါင်းအုံးထဲကို မျက်နှာတစ်ခြမ်းနီးပါးဖိဝင်ပစ်လိုက်ရင်း

"သွားဆိုဟာ~"
"ထပါအသည်းလေးရာ လိမ္မာတယ်လေ တနေကုန်ဘာမှမစားရပဲဖြစ်သွားလိမ့်မယ် ထထ"
"ထဘူး"

ပြောပြောနဲ့ ပခုံးနားထိရောက်နေတဲ့ စောင်အနီရဲရဲကို ချန်ယောလ်က ခေါင်းမူးခြုံပစ်လိုက်လေသည်။

"အသည်းလေး"
"ချန်စိတ်တိုလာပီနော်!"

စူးခနဲအော်ပစ်လိုက်တဲ့အသံနောက်မှာ မျက်လုံးတောက်တောက်ကလေးတွေက ပွင့်လာလေပြီ။

ချန်ယောလ် မြင်ကွင်းထဲဝင်လာတဲ့ ဆွယ်တာ စိမ်းနုရောင်နဲ့ ဘတ်ဟျွန်းက သန့်ပြန့်ပီး ချောမောလို့။

ငမ်းနေရင်းကနေ ချန်ယောလ်ကရုတ်တရက် ဘတ်ဟျွန်းကို မျက်မှောင်ကျုံ့ကြည့်လာကာ

"ဘယ်တုံးကထသွားတာလဲ"

သူ့ကိုတစ်ယောက်ထဲထားပီး ထသွားလို့ဘတ်ဟျွန်းကိုစိတ်​ကောက်ဖို့တာဆူနေတဲ့ တိမ်လုံးက ညကအဖြစ်အပျက်တွေကိုမေ့နေသယောင် ဘတ်ဟျွန်းကိုတောင် မရှက်နိုင်တော့။

"ဗိုက်ဆာလို့နိုးသွားတာနဲ့ တစ်ခါထဲရေချိုးပီး ဘေဘီနိုးလာမဲ့အချိန်စောင့်နေတာပါကွာ ကိုကိုအခုထိဘာမှမစားရသေးဘူးနော်"

ပြောလဲပြော ကုတင်ပေါ်လဲလာလှဲတဲ့ ဘတ်ဟျွန်းက ချန်ယောလ် နဲ့မျက်နှာချင်းဆိုင်လိုက်လေရဲ့။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now