Zawgyi
အဖြူရောင်တိမ်လုံးလေးအနားကို အနီရောင်ကျူးလစ်ပန်းတွေအလှဆင်ပေးမယ်
သိတယ်မလားအချစ်ကလေး
အနီရောင်ကျူးလစ်က ပြီးပြည့်စုံတဲ့အချစ်တဲ့လေ•••••••••••••••
"တိတ်တော့ ချန်ရယ် နော်"
"ဟင့် နစ်ခ်က နစ်ခ်က ချန့်ကို မထားခဲ့ဘူး ဟင့်"
"မထားခဲ့ပါဘူးကွာ တိတ်တိတ်"
"အဲ့ဒါကို အင့် အဲ့ဒါကို"ကုမ္ပဏီအပေါ်ဆုံးထပ်ခိုး ရှိ ထိုင်ခုံတန်းလေးမှာ ထိုင်ရင်း အငိုမပြတ်သေးတဲ ချန်ယောလ် ကို ထိုင်ချော့နေတဲ့ ဂျွန်မြောင်။
ငိုလိုက် လူကိုဖတ်လိုက်နှင့် အဆိုးလေးက နှာရည်တစ်ချို့ကိုပါ လာလာသုတ်ဖို့လုပ်နေတာကြောင့် ဂျွန်မြောင် လက်ကိုင်ပဝါကို အမြန်ထုတ်လိုက်ရသည်။
"မငိုနဲ့တော့ ချန်ယောလ်ရာ ခေါင်းတွေကိုက်ကုန်တော့မှာပဲ ကျစ်"
"ဟင့် အဟင့် အဲ့လူက ဘာလို့ ဒီကိုလဲ!!! အမ်းးးးး"
"ဘတ်ဟျွန်း? ကိုကို့သူဌေးလေ"
"ဟမ်!"ရင်ခွင်ထဲက ထွက်ကာ မျက်ရည်တွေကို လက်ဖမိုးနဲ့ပွတ်သုတ်ပစ်ရင်း နားမလည်သလိုကြည့်လာတဲ့ ချန်ယောလ်။
"ဒါဆို အင့် ကိုကိုက သူ့ဆီမှာ အလုပ်လုပ်နေတာပေါ့!"
ငိုတာရပ်သွားပေမဲ့ ရှိုက်သံတွေကတော့ ကျန်နေဆဲ။
ဂျွန်မြောင် ခေါင်းငြိမ့်ပြလိုက်တော့ မျက်နှာလေးက ပြန်မဲ့သွားကာ ခေါင်းလေးငုံ့သွားလေရဲ့။
"ဘာဖြစ်လို့လဲ ချန်ရယ် ဟမ်"
"ချန်က စကားကောင်းကောင်းမပြောခဲ့ဘူး ဂျွန်ဂျွန့် သူဌေးကို အဟင့် ဂျွန်ဂျွန် အလုပ်ပြုတ်တော့မှာလားဟင်"ပေါက်တတ်ကရအတွေးလေးကတော့ မပါမဖြစ်။
ဂျွန်မြောင် ချန်ယောလ် မျက်နှာပေါ်က မျက်ရည်တွေကို လက်ကိုင်ပဝါနဲ့ သေချာသုတ်ပေးလိုက်ပီး

YOU ARE READING
Big Boss And His Mochi [ COMPLETE ]
FanficBoss will always protect his adorable Mochi!!