အပိုင်း-၁၆(အပိုငျး-၁၆)

6.6K 590 48
                                    

Zawgyi

မင်းချစ်​သူက ဘယ်​​လောက်​ထိချစ်​ဖို့​ကောင်းလဲသိချင်​ရင်​ သူနဲ့အတူ ​တစ်​ရက်​​​လောက်​​ဈေးဝယ်​ထွက်​ကြည့်​ပါ

(ဟိတရီ  - ကျွန်​​တော့​ဘောလုံးဖြူ​လေး😗)

•••••••

"​ဘေဘီ"

ခက်​​ထန်​ထန်​အသံကို ချန်​​ယောလ်​သိတာမို့ အမြန်​လှည့်​ကြည့်​လိုက်​​တော့ ကားတစ်​စီး​ရှေ့မှာ အတူရပ်​​နေတဲ့ ဘတ်​ဟျွန်းနဲ့ဂင်​ဂျုံအင်​။

"ဟိ ကိုကို!"

ဆယ်​ဟွန်းဆီကခွာကာ ဘတ်​ဟျွန်းဆီ​ပြေးတဲ့ တိမ်​လုံး​လေးက ခုနနဲ့လားလားမျှ မြူးထူးလို့။

ဘတ်​ဟျွန်းနှုတ်​ခမ်းစွန်း​တွေ​ကော့တတ်​သွားကာ အ​ပြေးလာ​နေတဲ့ တိမ်​လုံး​လေးကို လက်​တစ်​ဖက်​ကမ်းရမ်း စီးကြိုလိုက်​တယ်​။

အင့်​ခနဲ ရင်​ခွင်​ထဲ​ပြေးဝင်​လာတဲ့ ချန်​​ယောလ်​က သ​ဘောတကြရယ်​သံ​သေး​သေးဖြင့်​ ဘတ်​ဟျွန်းကိုတိုးဖက်​​လေရဲ့။

"ချန်​က လွမ်း​နေတာကိုကို့ကို"

လွန်​ခဲ့တဲ့ညကမှ ဗိုက်​ဆာတယ်​ဆိုလို့ ည​ဈေးတန်းတူတူပတ်​​ပေးခဲ့ရတာကို ဘတ်​ဟျွန်းထုတ်​မ​ပြောပဲ​နေလိုက်သည်​။

"လွမ်း​နေရင်​နမ်းပါဦး"

တင်​ပါး​လေးကိုလက်​နဲ့ပုတ်​ရင်းဆို​တော့ ဟင့်​ခနဲမဲ့ကျသွားတဲ့မျက်​နှာ​လေး။ ​နောက်​ သူ့တင်​ပါးသူအုပ်​ကိုင်​ကာ ဘတ်​ဟျွန်းကို လက်​သီး​လေးနဲ့တွန်းလာ​လေတယ်​။

"နာတယ်​"
"နာတယ်​? ​ဘေဘီကလဲကိုကိုကအသာ​လေးထိတာကို"
"ဟင့်​ နာတယ်​လို့!"

မျက်​ရည်​​တွေဝိုင်းလာတာမို့ ဘတ်​ဟျွန်းနားလည်​နိုင်​ဖြစ်​ရပြန်​ရဲ့။ ချန်​​ယောလ်​ပခုံး​လေးအသာကိုင်​ကာ မျက်​နှာ​လေးလိုက်ကြည့်​မိတုံး ပခုံးကိုကိုင်​ထားတဲ့ဘတ်​ဟျွန်းလက်​​တွေအဖယ်​ခံလိုက်​သည်​။

"မင်း!"
"ချန်​ချန်​ ဘာလုပ်​​နေတာလဲ ဆမ်းချွန်း​စောင့်​​နေလိမ့်​မယ်​သွားရ​အောင်​"

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now