အပိုင္း-၅၂(အပိုင်း-၅၂)

4.8K 397 58
                                    

Unicode

မနက်စာအတူစားကြမယ်ဆိုတဲ့ စကားကြောင့် ဟော်တယ်ရဲ့ အစားအသောက်ခန်းထဲလူစုံရောက်နေကြလေရဲ့။

ဒါပေမဲ့ အဲ့လူစုံဆိုတဲ့အထဲ ချန်ယောလ်နဲ့ ဘတ်ဟျွန်း မပါလာသေးဘူး။

"ဂျုံအင် သွားနှိုးလိုက်"

ဂျုံအင်က ရီရှင်းကို နှုတ်ခမ်းမဲ့ပြလိုက်ပြီး နစ်ခ်ကို ဆွဲကာ ဘတ်ဟျွန်းတို့အခန်းရှိရာထွက်သွားလေတယ်။

ခွေးမုန်းပါတယ်ဆိုတဲ့ ဂျုံအင်က ဒီရက်အတွင်းကို နစ်ခ်နဲ့ အရမ်းတွေမှအဆင်ပြေလို့။

"ဟေ့"
". . . "
"ဟေ့ ခဏ"

တဟေ့ဟေ့ နဲ့အသံတွေကြောင့် ဂျုံအင်နောက်လှည့်ကြည့်မိတော့ သူရှိရာပြေးလာတဲ့ ဓာတ်မီးကိုတွေ့လိုက်ရတယ်။

မမှားဘူး သူပဲ ၊ ဓာတ်မီး။

"အော် ခများကိုး"
"ဖုန်းနံပါတ်ပေး"

လက်ဖြန့်ကာတောင်းလာတာကို ဂျုံအင် မျက်မှောင်တွန့်ချိုးပြီးကြည့်ပစ်လိုက်တယ်။

"ဘာလုပ်ဖို့လဲ"
"ဖုန်းနံပါတ်ပါဆိုမှ မင်းကိုဖုန်းဆက်ဖို့ပေါ့"
"ဇယားလာမရှုပ်နဲ့"
"ကိုယ်မင်းကို ကြိုက်တယ်"

ပွင့်ပွင့်လင်းလင်းချစ်ရေးဆိုမှုကို မထူးဆန်းသည့်ဟန် ဂျုံအင်က ပခုံးတွန့်ပြလေရဲ့။

"ကျွန်တော်ကတော့မကြိုက်ဘူး ပြီးတော့ကျွန်တော်က အဖြောင့် ရပီနော်?"

တင်တင်စီးစီးပြောပြီး ကျောအပေးမှာပဲ နားထဲကို တိုးဝင်လာတဲ့အသံ။

🔊အင်း တွဲမှာ. . .
ဒါဆို မင်းကကိုယ့်ကိုချစ်လို့လား
အင်း ချစ်တယ်

ဂျုံအင့် ကျောပြင်တောင့်တင်းသွားရတယ်။
အဲ့ဒါ သူ့အသံပဲ!

"ဘယ်လိုလုပ်ပီး?!"

ဂျုံအင် အံ့သြနေရလောက် ထိုသူကတော့ သူ့လက်ထဲက ဖုန်းကိုမြောက်ပြထားပြီးတည်တည်ငြိမ်ငြိမ်နဲ့။

🔊 ကိုကြိီးကိုချစ်ပါတယ်လို့ပြော. . .
    ကိုကြီးကို ချစ်ပါတယ်
ဘယ်သူက ချစ်တာလဲပါထည့်ပြော . . .
ဂျုံအင်က ကိိုကြီးကိုချစ်ပါတယ်

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now