အပိုင်း-၂၀(အပိုငျး-၂၀)

7.8K 588 29
                                    

Zawgyi

"ဒီဘက်​ကပ်​​နေစမ်းဂျူ​မြောင်​!"

ခက်​ဆက်​ဆက်​ရီရှင်းအသံ​ကြောင့်​ဂျွန်​​မြောင်​ ကိုယ်​ကတုန်​တက်​သွားရသည်​။

မိုးတိတ်​တာနဲ့ ပြန်​ဖို့လုပ်​ထား​ပေမဲ့ မရပ်​တမ်းသည်းသည်းမဲမဲရွာ​နေတာ​ကြောင့်​ လမ်းမ​ပေါ်မှာ အငှားယာဉ်​​တွေသာမက ဘာဆိုဘာမှရှိမ​နေ​တော့။
အဲ့ဒါ​ကြောင့်​ ဂျွန်​​မြောင်​တို့လည်း နီးစပ်​ရာ စား​သောက်​ဆိုင်​ထဲ ဝင်​ထိုင်​ဖို့ ဆိုင်​ထဲအဝင်​ ​ဘေးက​နေ လက်​ကိုအားနဲ့ဝင်​တိုက်ခံလိုက်​ရသည်​က တိုက်​ခံလိုက်​ရတဲ့ညာဘက်​လက်​ကို ထုံကျင်​သွားသည်​ထိနာသွား​လေတယ်​။

မထင်​မှတ်​ထားတဲ့ မုန်​တိုင်း​ကြောင့်​လူတိုင်းပျာယာခတ်​​နေကြတာပဲ​လေ။
ဒါ​ပေမဲ့ အဲ့အဖြစ်​အပျက်​ပီးကတည်းက ရီရှင်းက သူ့​နားနီးနီးကပ်​ကပ်​လာ​နေကာ မခွာ​တော့​။ ဂျွန်​​မြောင်​ ဘယ်​​လောက်​​မောင်းထုတ်​ထုတ်​ မျက်​​မှောင်​ကျုံ့ကာ မသိချင်​​ယောင်​သာ​ဆောင်​​လေရဲ့။

မိုးလင်း​ပေါက်​ဖွင့်​တဲ့ဆိုင်​​လေးထဲမှာလဲ မိုးခိုတဲ့လူ​တွေ​အပြည့်​ဖြင့်​။
ဆိုင်​ရှင်​​ပေးထားတဲ့ ဖိုက်​ဘာခုံ​ပို​လေး​တွေနဲ့ ထို​င်​​နေကြတဲ့လူအုပ်​က နဲနဲများတာမို့ တစ်​​ယောက်​နှင့်​တစ်​​ယောက်​က နီးနီးကပ်​ကပ်​အ​နေအထားရှိ​နေကြ​လေသည်​။

"ဒီဘက်​တိုးပါဆို​ကွာ"
"ဘယ်​လိုဖြစ်​​နေတာလဲခများ! သူများ​တွေကိုအားနာဦး"
"ကိုယ်​နဲ့ဆိုင်​တာမင်းပဲ"
"ကျန်းရီရှင်း!"
"ပါးစပ်​ပိတ်​ဆိုပိတ်​​ထားမယ်​ မင်းသာဒီဘက်​တိုးလိုက်​"

တဖက်​က ငိုက်​ကြ​နေတဲ့မိန်းက​လေးက သူ့ဘက်​ယိုင်​လာတာနဲ့ ရီရှင်းက ဂျွန်​​မြောင့်​ကို ခုံ​က​နေဆွဲယူပစ်​လိုက်​​တော့သည်​။
ကျွိခနဲထွက်​သွားတဲ့ ခုံအသံ​ကြောင့်​ ​​ကြမ်းပြင်​မှာထိုင်​​နေတဲ့ နစ်​ခ်​က ဆက်​ခနဲ​မော့ကြည့်​​လေရဲ့။

"ကျန်းရီရှင်း ​တော်​လိုက်​​တော့ ခများမရှက်​​ပေမဲ့ ကျွန်​​တော်​ရှက်​တယ်​"

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now