Zawgyi
နူးနူးညံ့ညံ့ မိုချီလေးက တိုက်ဆိုင်မှုလေးတွေနဲ့ နှလုံးသားထဲ တိုးဝင်လာခဲ့တယ်
••••••••••
"ဂျွန်ဂျွန် တွေ့လားဟင် အင့် တွေ့လား"
မက်ြရည်ရွှဲလဲနဲ့ တိမ်ဆိုင်လေးဟာ ငိုနေတာတောင် အူယားစရာလေး။
နှာဖျာလေးတွေ ရှံ့ ကာရှုံ့ကာဖြင့် တအိအိငိုနေတာက ကလေးလေးတွေလို။
အမဲရောင် ဆံပင်ခပ်အုပ်အုပ်လေးဆီမှ ကောက်ကွေးနေတဲ့ ဆံစလေးတွေကြောင့် တိမ်ဆိုင်လေးဟာ အဖြူရောင်မှိုပွင့်လေးလိုလဲ ဖြစ်နေပြန်လေသည်။ဂျွန်မြောင် ညီဖြစ်သူပခုံးလေးကို အသာပုတ်ပေးရင်း
"ကိုကိုရှာနေပါတယ် ချန်ယောလ်လီရယ် နစ်ခ် ကဘယ်အချိန်ထဲက ပျောက်သွားတာလဲ ဟမ်"
"သိဘူး ဟင့် မသိဘူးလို့!!! နစ်ခ် ကို ရှာပေးပါ အင့် ရှာပေး အဟင့်"ချန်ယောလ်လေးရဲ့ ချစ်စရာဟက်စကီး ခွေးကောင်လေး နစ်ခ် က မနက်ထဲက ဘယ်ပျောက်နေတယ်မသိ ။လောလောဆယ်တော့ နစ်ခ် ပျောက်လို့ ငိုယိုနေတဲ့ ချန်ယောလ် နဲ့ အကိုဖြစ်သူဂျွန်မြောင်တို့ နှစ်ယောက် ရပ်ကွက်ထဲ ပျာယာခတ်နေကြလေရဲ့။
ဂျွန်မြောင်ကတော့ နစ်ခ် ကို ရှာရင်း စိတ်ထဲမှာလည်း အကြိမ်ကြိမ် ခွေးစတူးလုပ်ပီးနေပြီဖြစ်သည်။
*သောက်ကျိုးနည်းကောင်!အသက်ကဖြင့် ၁နှစ်ပြည့်တော့မယ် ခုထိအိမ်မကပ်ဘူး!
နေ့လည်မွန်းတည့်လဲရောက်နေပြီမို့ ချန်ယောလ်ကို ထမင်းပြန်စားနှင့်ဖို့ပြောမိတော့ တိမ်လုံးလေးက ခြေခါလက်ခါနဲ့
"ဟာ နစ်ခ်ကို မတွေ့သေးလို့ စိတ်ညစ်နေပါတယ်ဆို ထမင်းကလာစားခိုင်းနေသေးတယ် ချန် မပျော်တော့ဘူးနော် အီးးးး"
ခြေဆင်းမငိုရုံတမယ်ဖြစ်နေတာမို့ ခေါင်းထဲပေါ်လာတဲ့ အကြံကိုသာ ဂျွန်မြောင် အကောင်အထည်ဖော်လို့ စဉ်းစားလိုက်မိတယ်။
![](https://img.wattpad.com/cover/180174781-288-k582282.jpg)
YOU ARE READING
Big Boss And His Mochi [ COMPLETE ]
Fiksi PenggemarBoss will always protect his adorable Mochi!!