Zawgyi
တစ်ချို့အမှတ်တရတွေ ဖြစ်လာဖို့က
အချိန်အကြာကြီး မလိုပါဘူး••••••••••
မနက် ၇ နာရီ
ဘတ်ဟျွန်း ကုမ္ပဏီသွားရင်း ချန်ယောလ်ကို ကျောင်းပို့ဖို့စဉ်းစားမိတာကြောင့် မနိုးသေးတဲ့ ချန်ယောလ်ကို နှိုးဖို့ အခန်းထဲဝင်သွားလိုက်တယ်။
အခန်းလော့မချထားတဲ့ကောင်လေးကြောင့် ဘာမဆိုင်ဘာမဆိုင် ကိုယ့်ကိုယ်ယုံကြည်တာပဲဆိုပီး တဖက်ပိတ်တွေးလိုက်မိသေးသည်။
အခန်းထဲဝင်ဝင်ချင်း
"ဘေဘီ နိုး. . ."
အဖြူ ရောင်မွေ့ရာကြီးပေါ် အိပ်ချင်မူးတူး ထိုင်နေတဲ့ အပြာရောင် မိုချီလေး။
ထိုင်နေတာ လဲမဆိုးလို့ထင် လက်နှစ်ဖက်နဲ့ရှေ့ကို ထောက်ထားသေးတာ။
ကြည့်ရတာ သူလဲနိုးနေတာကို မထချင်သေးတဲ့ပုံ။
သူ့ဘေးမှာကလဲ ခွေခွေလေးအိပ်နေတဲ့ နစ်ခ်။"အိပ်ယာပေါ်ထိ ခေါ်တင်ထားတာပဲလားကွာ"
ဘတ်ဟျွန်း အနားတိုးကပ်သွားလိုက်ရင်း ကုတင်ပေါ်တက်ထိုင်လိုက်သည်။
မျက်လုံးတွေမှိတ်ထားတဲ့ ချန်ယောလ်ကြောင့်
ထင်းနေတဲ့ မျက်တောင်စိပ်လေးတွေကို
သေချာကြည့်နေမိတယ်။အိပ်ထားတာကြောင့် ဖောင်းနေတဲ့ မျက်နှာလေးနဲ့
ရှုပ်ပွနေတဲ့ ဆံပင်လိပ်ကလေးတွေ။တစ်ချက်တစ်ချက် ငိုက်ကျသွားပြန်တဲ့ ခေါင်းလေးက တလှုပ်လှုပ်။
"ဘေဘီ"
"အင်းး ဂျွန်ဂျွန်"အိပ်ချက်မူးတူးလေးက အခုအခြေအနေကို မေ့လျော့နေပုံနဲ့။
"မထသေးဘူးလား ဘေဘီ ဟမ်"
"ဟင့် ထဘူး"
"ဟား မထလဲ ဒီလက်ကလေးတော့မထောက်ထားနဲ့ နာသွားမယ်"ခိုက်မိထားတဲ့ လက်တဖက်ကို နာမှာ ဆိုးလို့ ထောက်ထားရာကနေ ဆွဲယူလိုက်တော့ သူ့ထံငိုက်ကြလာတဲ့ အဆိုးလေးက ဖင်ထောင်လျက်သားလေးနဲ့။

YOU ARE READING
Big Boss And His Mochi [ COMPLETE ]
FanfictionBoss will always protect his adorable Mochi!!