Zawgyi
"ဆောင်းကုန်ဖို့လိုသေးပေမဲ့ ပင်လယ်ကိုချစ်တဲ့လိပ်ကလေးကတော့ နှင်းချပ်တွေကိုအရေးမစိုက်နိုင် သူချစ်ရတဲ့ပင်လယ်ကသာ အသက်ပေမို့. . . ."
တီဗွီထိုင်ကြည့်နေတဲ့ ချန်ယောလ်က Baby Channel က လိပ်ကလေးမိသားစုအကြောင်းကြည့်ပီး မျက်လုံးလေးအရောင်လက်လာတာမို့ ဘေးနားကဂျွန်မြောင်ဘုရားတနေရလေသည်။
ဘာပေါက်ကရတွေလိုချင်ဦးမလဲဆိုပီး ရင်တမ မ နဲ့။"ကိုကို ချန်တို့ပင်လယ်သွားရအောင်"
ခရီးဆိုမှသာ ဂျွန်မြောက်သက်ပြင်းချရဲသည့်အဖြစ်။
မဟုတ်တောင် ကုမ္ပဏီက ဂျွန်မြောင်ကို နားရက်လေးယူပါဦးဆိုပီးဖြစ်နေရတာ။ အလုပ်သရဲ ဂျွန်မြောင်ကို တကယ်ဂရုစိုက်ပေးတဲ့သူတွေကြီးပဲ။ နေရာကောင်းလေးမှာ လူကောင်းတွေနဲ့တွေ့ရတာက ဂျွန်မြောင့်အတွက် ကံကောင်းမှုတစ်ခုပါပဲ။အဲ့ဒီလူ. . .
ကျန်းရီရှင်းကလွဲလို့. . ."ဂျွန်ဂျွန်လို့! ဟာ ချန်ပြောနေတာဟာ ဒီကိုကြည့်ရမှာ"
သူပြောတာကနေ အာရုံလွှဲမိသွားတဲ့ ဂျွန်မြောင်ကို မျက်နှာကနေ ဆွဲယူကာ ကြည့်စေပြန်သည်။
ဂျွန်မြောင့်ပါးပေါ်အုပ်ကိုင်ထားတဲ့ လက်ဖောင်းဖောင်းလေးတွေကို ထပ်အုပ်ကိုင်လိုက်ရင်း ဆွဲယူလိုက်ကာ
"ပြောပါဦး ချန်ယောလ်လီလေးက ဘယ်သွားချင်တာလဲ"
"ပင်လယ်လို့ပင်လယ် ချန်ကတကယ်တော့လိပ်ကလေးလေ"ခေါင်းလေးကိုစောင်း လက်ကလေးနှစ်ဖက်ကိုတံတောင်းတွေးကာအတောင်ပံခတ်သလိုလှုပ်ခတ်ပြတဲ့ ချန်ယောလ်လေးက တကယ်ကို ချစ်မွှေးလေး။
"လာကွာ လိပ်ကလေးကို ကိုကိုကရေထဲလွှတ်ပေးမယ် ရေချိုးရအောင်"
ရေချိုးရအောင်လဲဆိုရင် ဆိုဖာကနေထပြေးတာ လုံးအောင်နေပဲ။
ဂျွန်မြောင်က နောက်ကလိုက်ဖမ်းတော့ သဘောတကြရယ်သံလေးက အိမ်ထဲပျံ့လွင့်လို့နေလေရဲ့။
YOU ARE READING
Big Boss And His Mochi [ COMPLETE ]
FanfictionBoss will always protect his adorable Mochi!!