အပိုင်း-၂၃(အပိုငျး-၂၃)

6.1K 566 66
                                    

Zawgyi

ည၁နာရီမှာ တိတ်​ဆိတ်​​နေတဲ့ငြိမ်​သက်​မှုကို ဖြိုခွဲပီးထွက်​လာတဲ့ ဖုန်းသံ။

ဂျွန်​​မြောင်​ အိပ်​ယာ​ပေါ်​နေ ကုန်းရုန်းထလိုက်​ရင်း ​ခေါင်းရင်းက ဖုန်းကိုဆွဲယူလိုက်​တယ်​။ ဖုန်းသံ​ကြောင့်​ ​တဖက်​မှာအိပ်​​နေတဲ့ ဆယ်​ဟွန်းနိုးသွားမှာဆိုးရ​သေး။ မျက်​လုံး​တွေမနည်းဖွင့်​ပီး ကြည့်​လိုက်​​တော့ ဖုန်းမျက်​နှာပြင်​မှာ​ပေါ်​နေတဲ့ contact က "ငါတို့တိမ်​လုံး​လေး" ဆိုတဲ့နာမည်​နဲ့။

ခေါင်းထဲဒိန်းခနဲ ဖြစ်​သွားပီး ဆယ်​ဟွန်းကို တချက်​ရိုက်​နှိုးလိုက်​ကာ ချန်​​ယောလ်​အခန်းကိုသွားဖို့ ​ပြောလိုက်​ပီး အမြန်​​ပြေးရပြန်​သည်​။

အဖျားရှိ​နေတဲ့ အ​ပေါ်ထပ်​ရှိ တိမ်​လုံးက လူကိုယ်​တိုင်​မလာပဲ ဖုန်းဆက်​တယ်​ဆိုကတည်းက ဂျွန်​​မြောင်​ ​ခေါင်းထဲပူထူသွားတာ ဖြစ်​သည်​။

တိမ်​လုံးအခန်း​ရှေ့အ​ရောက်​ အခန်းတံခါးကိုဝုန်းခနဲတွန်းဖွင့်​ချလိုက်​​တော့ မြင်​လိုက်​ရတဲ့မြင်​ခွင်းက ဂျွန်​​မြောင့်​အသည်း​တွေကို​ခြွေချပစ်​​လေရဲ့။

ကုတင်​​အောက်​မှာ ​ကွေး​ကွေး​လေးရှိ​နေတဲ့ချန်​​ယောလ်​!
လက်​ထဲကဖုန်းကိုကျစ်​ကျစ်​​ပါ​အောင်​စုတ်​ထားပီး ဂျွန်​​မြောင့်​နာမည်​ကိုဆက်​တိုက်​ရွတ်​​နေ​တော့တာ။

"ချန်​​ယောလ်​လီ!"
"ဂျွန်​  ဂျွန်​ ဟာ့"

မျက်​ရည်​​တွေနဲ့မျက်​ဝန်းထဲက​နေ အသနားခံ​နေတဲ့အ​ငွေ့အသက်​​တွေကို​တွေ့​နေရသည်​။ တဆက်​ထဲ ယုံကြည်​မှုနဲ့အားကိုးရာရသွားတဲ့ ခံစားချက်​​တွေ​ကော။

"ချန်​ချန်​!"

နောက်​ကပါလာတဲ့ဆယ်​ဟွန်းက ချန်​​ယောလ်​ဆီအ​ပြေးသွားကာ ​ပွေ့လိုက်​ရင်း ​​ဆေးရုံသွားဖို့ဂျွန်​​မြောင့်​ကို အသိ​ပေးကာ ​အောက်​ထပ်​ဆင်း​လေရဲ့။

ဆေးရုံသွားတဲ့တလမ်းလုံး ဂျွန်​​မြောင်​တုန်​ရင်​ပီးမျက်​ရည်​​တွေတာကျိုးသလိုစီးကျ​နေ​တော့တာပဲ။
တကယ်​ဆို ​မ​နေ့က ဖျားတယ်​ဆိုတာသိသိချင်း ​ဆေးခန်းကိုသွားလိုက်​ရမှာ။
ချန်​​ယောလ်​က ချူချာတတ်​တဲ့ က​လေးမျိုးမဟုတ်​​ပေမဲ့ ဖျားလိုက်​ပီဆို ​တော်​​တော်​နဲ့မ​ပျောက်​​တော့တာမျိုး။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now