END

955 65 13
                                    

Zawgyi

ဆောင်းတွင်းမို့ ချမ်းစိမ့်နေပေမဲ့ ပထမဆုံးနှင်းကိုတော့မမြင်ရသေးပေ ။ အအေးပိုတဲ့ရက်ထဲ ရောက်နေတာမို့ အရင်ကထက်ပိုပြီး နွေးနွေးထွေးထွေးနေရသည် ။ တီဗွီဖွင့်ထားပေမဲ့ ဘတ်ဟျွန်းအာရုံက ဖန်သားပြင်ပေါ်မှာရှိမနေ ။ ရင်ခွင်ထဲရောက်အောင် ပွေ့ယူထားခဲ့ရတဲ့ ချန်ယောလ်မျက်နှာလေးကိုပဲ တကြည့်ကြည့်ဖြစ်ရကာ ပါးလေးတွေနွေးထွေးစေဖို့ သတိရတိုင်း အကြင်နာတွေနဲ့ ယုယဖြစ်သည် ။

"ကိုကို"
"ဗျာ ဗျာ့"
"ကလေးလိုချင်လား"
"ဟမ်?"

ရုတ်တရပ်ဆန်လွန်းတဲ့ အမေးကြောင့် ဘတ်ဟျွန်းလန့်သွားရသည် ။ ယောကျာ်းလေးနှစ်ယောက်ဖြစ်သည်မို့ သူတို့ကတော့ ကလေးမရနိုင်တာအသေအချာပဲ ။ ဘယ်သူကများ ဘာတွေပြောလိုက်လို့ပါလိမ့်။

"ဘာဖြစ်လို့လဲချန်"
"ကိုကိုကလေးများချစ်တတ်မလားလို့ပါ"
"မချစ်တတ်ပါဘူးကွာ ကလေးတွေများအလုပ်ရှုပ်လွန်းလို့ ကိုကိုချစ်လို့ရတဲ့ကလေးက ဟောဒီကဘေဘီချန်တစ်ယောက်ထဲပဲ"

ချန်ယောလ်ကသူ့ကိုမျက်လုံးပင့်ကြည့်လာကာ တကယ်လား ဆိုတဲ့ ပုံစံလေးနဲ့။

"နေပါဦး ဘေဘီ့ကိုဘယ်သူတွေကများဘာပြောလိုက်လို့လဲ"
"ဟင့်အင်းမပြောပါဘူး ဒါပေမဲ့ ကိုကိုက အဲ့လိုကလေးတွေတွေ့တိုင်း အကြာကြီးရပ်ကြည့်နေတာ ချန်သတိထားမိလို့"

ကလေးတွေကိုရပ်ကြည့်နေတာ ။
ဒါပေါ့ သူကလေးတွေမြင်တိုင်း ကြည့်ဖြစ်တာပဲ ။ ဥပမာဆိုရရင် ခရစ်စမတ်နေ့တွေ ဟောလိုဝင်းနေ့တွေမျိုး ။ ဘာလို့ဆို အဲ့ကလေးတွေဝတ်တဲ့ပုံစံကိုမြင်ပြီး ချန်ယောလ်ကိုသာဆင်ပေးလိုက်ရင် ဆိုတဲ့အတွေးကြောင့်ပဲ ။ သူတွေးနေတာကိုကြည့်ပြီး တမျိုးထင်သွားပုံရတဲ့ချန်ယောလ်က ရင်ခွင်ထဲကထွက်ကာ ဘေးမှာကုပ်ကုပ်ကလေး ထိုင်လေရဲ့။ 

အားငယ်တတ်တဲ့ကလေးကိုဖက်လိုက်ပြီး ဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်တယ် ။

"မဟုတ်တာတွေလျှောက်မတွေးနဲ့ ကိုကို့ဖို့က ဘေဘီတစ်ယောက်နဲ့တင် လုံလောက်တာထက်ပိုနေပြီ"
". . ."
"ဘေဘီ"
"ဟုတ် ချန်သိပြီ"

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now