အပိုင်း-၄၂(အပိုငျး-၄၂)

5.3K 514 109
                                    

Zawgyi

မင်္ဂလာပွဲမှအကြောင်းခံ၍. . . ။

ဒုတိယရက်တွင် မနက်စာစားပီးပီးချင်း ပဲရစ်မြို့မှာရှိတဲ့ အထင်ကရနေရာတွေကို လျှော်လည်ဖြစ်သည်။

ရောက်တုံးရောက်ခိုက် အမှတ်တရဖြစ်အောင် Galerie Lafayette mall မှာ ဈေးဝယ်ထွက်အပြီးမှာတော့ ချန်ယောလ်သဘောကြ စုံတွဲဝတ်စုံကိုဝတ်ဆင်ခဲ့ကြသည်။

hoodie ဆင်တူဝတ်ထားတဲ့ သူတို့နှစ်ယောက်ကို လူတိုင်းက လှည့်ကြည့်လှည့်ကြည့်နဲ့။ ဒါကို ချန်ယောလ်က သဘောကြနေပုံ ဘတ်ဟျွန်းကိုပြုံ​ပြုံးလေး နဲ့ ခဏခဏ လှည့်ကြည့်လာသည်။

တွဲထားလက်ကလေးတွေက ရှေ့နောက်ရမ်းလို့. . . ။

"ကိုကို ချန် ဂျွန်ဂျွန်နဲ့ ဖုန်းပြောချင်တယ် အကိုရီရှင်းကို ဆက်ပေး"

ဘတ်ဟျွန်းရင်ထဲ ဒိန်းခနဲ။
ဖုန်းဆက်ခိုင်းလာမယ်မှန်းသိပေမဲ့ ဒီလောက်မြန်မြန်တော့ မထင်ထားခဲ့ပေ။

"ကိုကိုလို့ ဟင်?"
"ဟုတ်ပီဟုတ်ပီ ကိုကိုဆက်လိုက်မယ်"

ဘုရားတရားမလို့ ကျန်းရီရှင်း ကုတင်ပေါ်ရောက်မနေပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။

တတီတီ နဲ့ DIALING ဖြစ်နေတဲ့ ဖုန်းလေးက အတော်ကြာကြာ။

ဘေးကနေ မျက်လုံးဝိုင်းလေးနဲ့စောင့်နေတဲ့ ချန်ယောလ်ကိုကြည့်ပီး အလကားနေရင်းလည်ပင်းတွေခြောက်လာလေရဲ့။

"မရသေးဘူးလား"
"ခဏလေးထပ်စောင့်ပေး"

ရှစ်ခေါက်မြောက်ဖုန်းခေါ်ဆိုမှုမှာ တဖက်က ဟယ်လိုဆိုတဲ့ အသံထွက်လာသည်။

"ရီရှင်း!!"

speaker ဖွင့်ထားတာမို့ ဘတ်ဟျွန်းက ရီရှင်းကို ကြိုဟန့်ဖို့အလုပ်မှာပဲ ရီရှင်းကဖျက်ဆီးလိုက်လေရဲ့။

"အိပ်ချိန်ကွ အိပ်ချိန် မင်းကဘယ်လိုဖြစ်နေရတာလဲ"

ရီရှင်းစကားကြောင့် ဘတ်ဟျွန်းကိုငဲ့ကြည့်လာတဲ့ကလေးက နှုတ်ခမ်းလေးဆူလို့။

"နေ့လည်တောင်ရောက်ပီကို"
"အင်း ဟုတ်ပါရဲ့"

ရေလိုက်ငါးလိုက် အသည်းလေးသဘောကျ စီးမြောပေးလိုက်ပေမဲ့ ရင်ထဲမှာတုန်နေတာက ပျောက်မသွား။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now