Zawgyi
တကိုယ်လုံးနုံးချိနေတဲ့ ခံစားချက်က ဘာပါလိမ့်။
မှိတ်ထားတဲ့မျက်လုံးတွေအားယူဖွင့်လိုက်တော့ အလင်းကတိုးဝင်လာမို့ မျက်တောင်တွေ တဖျက်ဖျက်ခတ်မိတယ်။
"ကိုကိုသတိရနေပီ စီနီယာ!!"
"ဆမ်းချွန်း!"လက်ကိုလာဆုတ်ကိုင်တဲ့ လက်နွေးနွေးကိုသူသေချာပြန်ဖမ်းယူထားလိုက်တယ်။
"ဘေဘီ?"
တခဏအတွင်း မြင်ကွင်းရှင်းလင်းသွားတာနဲ့ အနားမှာ မျက်နှာမဲ့တဲ့တဲ့နဲ့ ငိုတော့မဲ့ ချန်ယောလ်ကိုတွေ့လိုက်ရသည်။ ဘေးမှာ ဂျုံအင် နဲ့ ဆန်းယော့တို့လဲရှိသည်။
"လူဆိုး ချန်အရမ်းလန့်သွားတာ"
ကုတင်ပေါ် တင်ပါးလွှဲထိုင်လာပီး အင့် ခနဲ သူ့ကိုငုံ့ကိုင်း ဖက်လာတဲ့ ချန်ယောလ်။
"ခဏနေပါဉီး ကိုကိုဘာဖြစ်သွားတာလဲ သောက်တာများလို့များ. . ."
"Surprise လုပ်ခံရပီး မေ့လဲသွားတာလေ လူကြားလို့မှမကောင်း"ဘတ်ဟျွန်းစကားမဆုံးခင်ပဲ ဂျုံအင်က မဲ့ရွဲ့ကာ ဖျက်ပြောလာလေသည်။
"Surprise? ဘာ surprise. . . "
* "လက်ထပ်ရအောင် ချန်တို့" *
*ချန့်ကိုလက်ထပ်လိုက်တော့!"*
*ကိုကို!!""ကိုကို! ကိုကို!!"
" ဘေဘီ. . "ဘတ်ဟျွန်းခေါင်းထဲရုတ်တရတ် ဒိုင်းခနဲ။
"နေဉီး! ဘေဘီချန် လက်ပြစမ်း!!"
ထထိုင်လိုက်ပီး လက်ကိုဆွဲယူကြည့်မိတာ ဇွတ်တရွတ်ပုံစံပေါက်ချင်ပေါက်လိမ့်မည် ။ လောလောဆယ်တော့ သူ့ပုံစံအနေအထားက အရေးမကြီး။
ချန်ယောလ် ဘယ်လက်မှာ ခုထိတိုင်ရှိနေဆဲ စိန်တပွင့်ထဲနဲ့အရိုးရှင်းဆုံးတန်ဆာဆင်ထားတဲ့ လက်စွပ်ကလေး။
"ဘေဘီ~"
"ချန် ကိုကိုနဲ့လက်ထပ်မယ်"
"ဘေဘီကွာ"တော်ရုံ ချန်ယောလ်ရှေ့မှာ မျက်ရည်မကျတတ်တဲ့ ဘတ်ဟျွန်းက ခုတော့ ပခုံးတွေလှုပ်ခါတဲ့ထိ ငိုလာတော့တာ။
ချန်ယောလ်ကိုတင်းတင်းဖတ်ထားပီး ငိုနေတဲ့သူ့ပုံစံက တကယ်ကို ဝမ်းပမ်းတနည်းဖြင့်။
YOU ARE READING
Big Boss And His Mochi [ COMPLETE ]
ФанфикBoss will always protect his adorable Mochi!!