အပိုင်း-၁၇(အပိုငျး-၁၇)

6.7K 589 94
                                    

Zawgyi

ကောင်းကင်​ပြာ​အောက်​မှာ ​ငွေ​ရောင်​​ရေလှိုင်း​တွေနဲ့ အဖြူ​ရောင်​တိမ်​လုံး​လေး

•••••

ဟာဝိုင်​ရီ ​ရောက်​တဲ့အထိ တိမ်​လုံးက မျက်​နှာမသာမယာဖြင့်​ တမှိုင်​မှိုင်​တ​ထွေ​ထွေနဲ့မို့ ဂျွန်​​မြောင်​လဲစိတ်​မ​ကောင်း။

ဟော်​တယ်​​ရောက်​​လို့ အခန်းထဲ​ရောက်​​ရောက်​ချင်း အိပ်​ယာ​ပေါ်​ပြေးတက်​ကာ အိပ်​​လေတဲ့ချန်​​ယောလ်​က အရမ်းပင်​ပန်း​နေပုံ။

"ချန်​​ယောလ်​လီ ချန်​​ယောလ်​လီ​ရေ"

ပစ္စည်း​တွေချပီး ​ကျောပြင်​​လေးအသာပုတ်​ကာ​ခေါ်​တော့ ဂျွန်​​မြောင်​ရှိရာဘက်​ကို မျက်​နှာမူလာရင်း ​​မော့ကြည့်​​လော​လေရဲ့။

"နားချင်​ရင်​ခဏနား ပီးရင်​​တော့​နေ့လည်​စာစားကျမယ်​​နော်​ ဟုတ်​ပီလား"
"ဟုတ်​. .  ဂျွန်​ဂျွန်​"
"ဘာလိုချင်​လို့လဲ တိမ်​လုံး"

ကူတင်​​ပေါ်တင်​​ပါးလွှဲထိုင်​ရင်း ဆံပင်​​တွေဖွကာ​မေး​တော့ ဂျွန်​​မြောင့်​​ပေါင်​​ပေါ်​ခေါင်းပြုလာတဲ့တိမ်​လုံး​လေးက

"သားတို့​နစ်​ခ်​နဲ့တူတူ​နောက်​တစ်​​ခေါက်​လာမယ်​​နော်​"
"ဒါ​ပေါ့ ကိုကို​က​နောက်​တစ်​ခါနစ်​ခ်​ကိုအပါ​ခေါ်လာမှာ"
"ကိုကိုက နစ်​ခ်​ကိုဂရုစိုက်​မှာပါ​နော့ "
"ဘတ်​ဟျွန်းက​သေချာဂရုစိုက်​မယ်​​လို့ တိမ်​လုံးကို​ပြောသွားတယ်​မလား"
"ဟုတ်​"
"ဒါဆိုစိတ်​မပူနဲ့​တော့ ဟုတ်​ပီလား"
"ဟုတ်​ဂျွန်​ဂျွန်"
"ကဲ ခဏနား ပီးရင်​ ဂျွန်​ဂျွန်​နဲ့​ကမ်း​ခြေဆင်းရ​အောင်​"
"ချန်​သိပီ"

•••••

ခဏနားတယ်​ဆိုပီး​နေဝင်ချိန်​ထိအိပ်​​ပျော်​သွာတဲ့ချန်​​ယောလ်​​လေး။
ဂျွန်​​မြောင်​​အိပ်​​နေတဲ့က​လေးကို အသာပုတ်​နှိးလိုက်​​​တော့ အင်းအဲအသံပြုကာနိုးလာ​လေရဲ့။

"ဂျွန်ဂျွန်​"

အိပ်​ချင်​မူးတူးမို့ မျက်​လုံး​တွေကိုလက်​နဲ့ပွတ်​သပ်​​နေတာကို ဂျွန်​​မြောင်​ဆွဲထားရင်း အသံ​ပေးလိုက်​တယ်​။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now