အပိုင်း-၃၀(အပိုငျး-၃၀)

6K 587 88
                                    

Zawgyi

မနက်​​စော​စော ​​ကျောင်းသွားဖို့ပြင်​​နေတဲ့ချန်​​ယောလ်​က ယိုင်​တိုင်​တိုင်​ဖြင့်​။

သောက်​စားထားလို့ ​ခေါင်းမကြည်​တာအပြင်​ အရိုက်​ခံထားရတဲ့အရှိုးရာ​တွေဒဏ်​​ကြောင့်​ပါ ချန်​​ယောလ်​ကနုံးဖက်​လို့​နေသည်​။

"ချန်​ချန်​?"

အခန်းထဲကထွက်​လာတဲ့ ဆယ်​ဟွန်းကိုမြင်​တာနဲ့ ချန်​​ယောလ်​မျက်​နှာက ပိုပီးဖြူ​ဖျော့သွား​လေရဲ့။

"ဆယ်​ ဆယ်​ဟွန်းနီ~"
"​ကျောင်းမသွားနဲ့​တော့ အိမ်​မှာပဲနား​နေ"

အနား​ရောက်​လာတဲ့ဆယ်​ဟွန်းက ချန်​​ယောလ်​ကိုင်​ထားတဲ့ ​ကျောပိုးလွယ်​အိတ်​ကိုဆွဲယူကာ​ပြော​တော့ ချန်​​ယောလ်​က​ခေါင်းခါပြသည်​။

"​ကျောင်းသွားမယ်​ ပီးရင်​ကိုကို့ဆီ​ကော"
"ချန်​​ယောလ်​!!!"
"ချန့်​ကိုမ​အော်​ပါနဲ့ဆယ်​ဟွန်းနီရယ်​"

်မျက်​ရည်​မကျပဲ မှိုင်​​ထွေ​နေတဲ့ပုံစံ​လေးက ဆယ်​ဟွန်းကိုပိုပီး စိတ်​မချဖြစ်​​စေသည်​။

"ဟုတ်​ပီဇွတ်​သွားချင်​​နေတယ်​ဆိုရင်​ ဆယ်​ဟွန်းနီလိုက်​ပို့​ပေးမယ်​ တ​ယောက်​ထဲမသွားရဘူး"

ပြုံးပြုံး​လေးနဲ့ထပ်​ပြီး​ခေါင်းခြါ​ပလာ​တော့ ရင်​ထဲမချိ။

"ချန်​ ရတယ်​"
"ဘာကိုရတယ်​လဲ! ​ထိမိတာနဲ့လဲကျ​တော့မလိုပုံစံကရတယ်​လား! မဆိုးနဲ့ချန်​ချန်​ လုပ်​ချင်​တာလုပ်​​ပေးမယ်​ စကား​တော့နား​ထောင်​​စမ်း"
"ချန့်​ကို စိတ်​ဆိုး​နေတုံးလားဟင်​"

ဆယ်​ဟွန်းက ချန်​​ယောလ်​ဆံပင်​​လေးကိုသပ်​သပ်​ရပ်​ရပ်​ရှိ​အောင်​ ပြုပြင်​​ပေးရင်း အသာအယာပဲ​ခေါင်းခါပြသည်​။

"စိတ်​ပူ​နေတာ စိတ်​မဆိုးဘူး ချန်​ချန်​ဘာ​တွေလုပ်​လိုက်​မလဲပဲအရမ်းစိတ်​ပူ​နေတာ"
"​တောင်းပန်​ပါတယ်​"
"ဆယ်​ဟွန်းနီရဲ့ ဦး​လေးက အမြဲတမ်းတက်​ကြွ​နေတဲ့​ကောင်​​လေးပဲဖြစ်​ရမယ်​​လေ ခုလိုပုံစံမှမဟုတ်​တာ ဖြစ်​​နေတဲ့ပြသနာ​တွေကိုအမြန်​ဆုံး​ဖြေရှင်းပီး အရင်​လိုပြန်​​နေကြရ​အောင်​ ချန်​ချန်​"
"ချန်​လဲအဲ့လိုပဲဖြစ်​ချင်​တယ်​"
"တစ်​​ယောက်​ထဲရှင်းမရတဲ့ ပြသနာဆိုရင်​ ဆယ်​ဟွန်းနီကို​သေချာ​ပေါက်​​ပြောပြရမယ်​ နားလည်​လား"
"ဟုတ်​ ချန်​သိပီ"

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now