အပိုင်း-၇ (အပိုငျး-၇)

8.3K 727 52
                                    

Zawgyi

ကိုယ်​​ခေါ်​ဆောင်​မဲ့ တိမ်​တိုက်​​တွေစီသွားတဲ့လမ်း အတိုင်း လိုက်​စီး​မျော​ပေးနိုင်မလား ​ဘေဘီ

••••••••••••
(ချန်​​ယောလ်​ မပြန်​ခင်​ နှစ်​ရက်​အလို)

ချန်​​ယောလ်​ကို လိုချင်​တာ လိုက်​ဝယ်​​ပေးမယ်​​ပြောထားတာ​ကြောင့်​ နှစ်​​ယောက်​သား ​ရှော့ပင်း​မောလ်​ ထဲ​ရောက်​​နေခြင်း။

"ဘာလိုချင်​တာလဲ ​ဘေဘီက"
"​ရေကူးမျက်​မှန်​"

သူလိုချင်ပါတယ်​ဆိုလို့ ​ရေကူးမျက်​မှန်​​တွေတူတူကြည့်​ကြပြန်​​တော့လည်း ​ရွေးရခက်​​နေတဲ့ ချန်​​ယောလ်​​ကြောင့်​ ​ရွေး​ထားသမျှ မျက်​မှန်​​တွေအကုန်​ ဘတ်​ဟျွန်း ​ယူလာလိုက်​​တော့တယ်​။

"ဒီလိပ်​စာကိုပို့​ပေး"

ပစ္စည်းအများကြီးဖြစ်​တာ​ကြောင့်​ သယ်​မ​နေ​တော့ပဲ ဘတ်​ဟျွန်း အိမ်​ကိုသာ ပို့ခိုင်းလိုက်​သည်​။

"အများကြီးဟာ"

ပြောသာ​ပြော​နေ​ပေမဲ့ အကုန်​ရလိုက်​​လို့​သ​ဘောကြ​နေမှန်း မျက်​လုံးဝိုင်း​လေးက တဆင့်​သိနိုင်​သည်​။

"ပြန်​​ပေးလိုက်​ရမလား"
"ဟင့်​အင်း! ဟို. .."
"ကို​ယ်​က ချစ်​လို့​ပေးတာဆို​တော့ ယူရမှာ​ပေါ့ ဟုတ်​တယ်​မလား"
"ဟုတ်​"

လိုချင်​တာ​တွေရ​တော့ တဟုတ်​ဟုတ်​နဲ့ လိမ္မာ​နေလိုက်​တာများ။

"​တစ်​ခုခုအရင်​စားမလား"
"ဟင့်​အင်း ပီးမှ ​ဟော့​ပေါ့သွားစားမယ်​​လေ ​နော်​ ချန်​ ​ဟော့​ပေါ့မစားရ​တာကြာ​နေပီ ဂျွန်​ဂျွန်​မအားတာနဲ့"
"သ​ဘော"
"ဟိ"

နှစ်​​ယောက်​သား ဟိုဒီကြည့်​​နေတုံး ​ဘေးကဖြတ်​သွားကြတဲ့ အတွဲဆီက​နေ ရုပ်​ရှင်​ကားအ​ကြောင်း ကြားလိုက်​ရတာမို့ ချန်​​ယောလ်​ဆီကြည့်​လိုက်​မိသည်​။

ဒီ​ကောင်​​လေးရဲ့ ငိုမဲ့မဲ့နဲ့ "မလုပ်​ရဘူး" ဆိုတဲ့ အသံ​လေးကို ဘတ်​ဟျွန်း ကြားချင်​လာသည်​။

"ရုပ်​ရှင်​ကြည့်​ရ​အောင်​"
"ရုပ်​ရှင်​? ဘာကားလဲ"

ဘတ်​ဟျွန်းအပြုံး​တွေက ပီပီပြင်​ပြင်​။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now