အပိုင်း-၁၁(အပိုငျး-၁၁)

8.1K 617 46
                                    

Zawgyi

ကိုယ်​ချစ်​တဲ့သူနဲ့တူတူနိုးရတဲ့အဖြစ်​က ဘတ်​ဟျွန်းသိထားသလို ​နေ​ရောင်​ခြည်​​နွေး​နွေးတိုးဝင်​စမှာမဟုတ်​။
ကောင်​​လေးက အနမ်း​​လေး​ပေးပီး ချစ်​ရသူကို နှိုးရင်းအစပြုတာမျိုးလည်းမဟုတ်​ပြန်​။

စောင်​တစ်​ခုထဲ​အောက်​မှာ ဖက်​လျက်​သားတူတူရှိ​နေကြတဲ့အဖြစ်​ကလွဲရင်​ကျန်​တာတလွဲ။

မျက်​နှာ​ပေါ်လာ​ရောက်​ကျူး​ကျော်​​ပြေးလွှား​နေတဲ့ လက်​​ချောင်း​လေး​တွေ​ကြောင့်​ ဘတ်​ဟျွန်​စော​စောနိုး​နေရ​လေရဲ့။
သို့ထိတိုင်​ အိပ်​ချင်​​ယောင်​​ဆောင်​ကာ လွှတ်​ထားလိုက်​သည်​။

"ကို ကို"

အကဲစမ်းသလိုတိုးသဲ့သဲ့အသံ​လေးကအူမြူး​နေဟန်​ဖြင့်​ ဘတ်​ဟျွန်းကိုကလိသည်​။
ရင်​ခွင်​ထဲတိုးဝင်​​နေတဲ့တိမ်​လုံး​လေးကို ခပ်ဖွဖွ​လေးပြန်​ဖက်​ထားရင်း မှိန်း​နေလိုက်​သည်​။

"နိုး​နေတယ်​မလား ဟင်​?"

ရင်​ဘတ်​ကိုလာထိတဲ့ လက်​ညှိုး​လေးက ထိလိုက်​ခွာလိုက်​ဖြင့်​ အငြိမ်​မ​နေနိုင်​။ ဘတ်​ဟျွန်းမျက်​နှာကိုမြင်​နိုင်​​ရေးအတွက်​ အ​ပေါ်တိုးတက်​လာတဲ့ တိမ်​လုံး​လေးက မျက်​နှာချင်းဆိုင်​မိတဲ့အ​ခြေအ​နေ​ရောက်​​တော့ သူ့နှာ​ခေါင်းလုံးလုံး​လေးနဲ့ ဘတ်​ဟျွန်းပါးကိုလာတို့သည်​။

"နိုး​နေတာ နိုး​နေတာ"

သီချင်းဆိုသလို​​ခပ်​တိုးတိုး​ရေရွတ်​ကာ ဘတ်​ဟျွန်း မျက်​ခွံ​တွေကို လက်​​ချောင်း​လေး​တွေနဲ့လာထိပြန်​သည်​။

စော​စောစီးစီးငိုချင်​​နေရှာတဲ့က​လေးကိုဘတ်​ဟျွန်း​တော်​​တော်​စိတ်​ထိန်း​နေရ​လေရဲ့။

"ချန်​ဗိုက်​ဆာ​နေပီ"

ဘတ်​ဟျွန်းတစ်​ချက်​လှုပ်​ကာ သူ့ကိုတိုးဖက်​လိုက်​​တော့ ဟင့်​ခနဲအသံ​လေးနဲ့ ရင်​ဘတ်​ထဲ​ခေါင်းတိုးဝင်​လာပြန်​​လေရဲ့။
တလှုပ်​လှုပ်​​ခေါင်း​လေး​ကြောင့်​ ပွ​ယောင်း​ယောင်းဆံစ​လေး​တွေက ရင်​ဘတ်​မှာ​ပျော်​​မွေ့​နေ​​လေသည်​။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now