[Zawgyi]
"သူတစ်ယောက်တည်း ဘာတွေရွတ်နေတာလဲ?" ယူရှောင်မိုမေးလိုက်သည်။
ယူရှောင်မိုသည် 'ဧကရာဇ်' ဟူသောစကားလုံးကိုသာ သေချာပီသစွာကြားလိုက်ရပြီး ကျန်စကားများကိုမူ ရှင်းလင်းစွာမကြားမိလိုက်ချေ။
"ဒီကောင်ပြောလိုက်တာက သူအခုအညံ့ခံဖို့လုပ်နေပါပြီတဲ့ " လင်းရှောင်ဆိုလေသည်။
ယူရှောင်မိုတစ်ယောက် ချက်ချင်းပင် လင်းရှောင်အား ခေါင်းလှည့်ကြည့်မိတော့သည်။ လင်းရှောင်က တကယ်ပဲသူ့ကို သုံးနှစ်သားကလေးများမှတ်နေတာလား? သူဘယ်လောက်ပဲပိန်းတယ် ဒူတယ်ပဲပြောပြော ဒီလိုစကားမျိုးကို မာနဝင့်လွှားငှက်ကပြောတာမဖြစ်နိုင်ဘူးဆိုတာတော့ သူကျိန်းသေသိတာပေါ့။
ယူရှောင်မိုသည် လင်းရှောင်အား သံသယမျက်လုံးဖြင့်မကြည့်ဘဲမနေနိုင်စွာ စွေစောင်းကြည့်လျက် ဆိုလေသည်။ " သူတကယ်ပဲ ဘာပြောလိုက်တာလဲ? "
လင်းရှောင် သူ၏ပါးစပ်ကိုဟလိုက်သည့်အချိန်မှာပင် မာနဝင့်လွှားငှက်သည် ဒေါသတကြီးအော်ဟစ်လိုက်လေသည်။
" ခင်ဗျားက သေချာပေါက် မှော်ဝင်သားရဲဧကရာဇ်မဟုတ်ဘူး !"ယူရှောင်မို " ------ "
လင်းရှောင် " ------- "
ခဏအကြာတွင် လင်းရှောင်တစ်ယောက် ကူရာမဲ့စွာဖြင့် မလွှဲသာမရှောင်သာပြန်ဖြေရတော့သည်။
"တကယ်တော့ အဲ့ဒီ့ကောင်က ရူးနေတာကွ"
ယူရှောင်မိုကြားကြားချင်း ဆွံ့အသွားလေသည်။
"သူရူးနေတယ်ဆိုရင်လည်း ကျွန်တော်တို့ကုပေးမြှဖစ်မှာပေါ့ ။ ဒီလိုမှမဟုတ်ရင် သူကဘယ်လိုလုပ်ပြီး ကျွန်တော်ရဲ့ဆက်နွယ်သားရဲ ဖြစ်လာနိုင်မှာလဲ ? မဟုတ်သေးဘူး ခဏနေဦး ကျွန်တော် ဒီစိတ်လွတ်နေတဲ့မှော်ဝင်သားရဲရူးနဲ့ မဆက်နွယ်ချင်တော့ဘူး "
လင်းရှောင်သည် ချော့မော့ကာနားချပြောဆိုသည် " ယူလေး မင်းခဏလောက် ကိုယ်ပိုင်နယ်မြေထဲဝင်နေပြီး နောက်နှစ်မိနစ်ကြာမှ ပြန်ထွက်လာခဲ့ပါကွာ "
"ဘာကိစ္စနဲ့ ကျွန်တော်နယ်မြေထဲဝင်နေရမှာတုန်း ကျွန်တော်ကိုသာအောက်ချပေးစမ်းပါဗျာ ကျွန်တော်ဒီမှာပဲနေပြီး ခင်ဗျားကိုစောင့်မှာ "
YOU ARE READING
尹琊's 传说之主的夫人{The Legendary Master's Wife}
Historical FictionThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...