[Zawgyi]
နောက်တစ်ရက်တွင် ယူရှောင်မိုသည် အဘိုးအိုကိုတွေ့ရန် တစ်ယောက်တည်းထွက်လာခဲ့တော့သည်။
သူသည်အစက အဘိုးအိုပြန်ရောက်ဖို့ လဝက်မျှ လိုဦးမည်ဟုတွက်ဆမိခဲ့သော်လည်း ဘယ်လိုကြောင့်မို့ စောစောပြန်ရောက်နေသလဲဆိုတာကိုတော့ သူခန့်မှန်းမိလေ၏။
သောက်ရှင်းတက္ကသိုလ်သည် ကိစ္စကြီးကြီးမားမားဖြစ်ပေါ်ထားသည့်အတွက် အဘိုးအိုကဲ့သို့ထိပ်သီးပုဂ္ဂိုလ်ရှစ်ဦးမှတစ်ဦးအနေနှင့်တာဝန်ယူစရာများ ကျိန်းသေပေါက်ရှိလာပေရာ သေချာပေါက် သူအပျင်းဆွဲနေလို့ရတော့မည်မဟုတ်ချေ။
မှော်ဆေးပင်ဥယျာဉ် ~
ယူရှောင်မိုသည် အဘိုးအိုအား ဆေးဖော်ခန်းထဲတွင်ရှာဖွေ့တွေ့ရှိလိုက်လေသည်။ အဘိုးအိုထွက်သွားသည်မှာ လအနည်းငယ်မျှ အချိန်ကြာမြင့်သွားခဲ့ပြီဖြစ်သောကြောင့် ယူရှောင်မိုသည် တွေ့တွေ့ချင်းပင်ဝမ်းသာပျော်ရွှင်စွာဖြင့် သူ၏ပုခုံးပေါ်လက်တင်မိလိုက်တော့သည်။ " ရှစ်ဖူ ကျွန်တော်ရောက်ပြီ "
သွမ့်ချီထျန့်သည် သူ၏ခေါင်းအားဖြည်းဖြည်းချင်းလှည့်ပြီး ခြိမ်းခြောက်သည့်အကြည့်မျိုးနှင့် ကြည့်လိုက်လေ၏။
ယူရှောင်မိုလည်း အလန့်တကြားနှင့် သူ၏လက်များအား ပြန်ရုတ်သိမ်းလိုက်ပြီး ခြောက်ကပ်ကပ်ရယ်မောလေတော့သည်။ သူသည် အဘိုးအိုတွင်စရိုက်နှစ်မျိုးရှိသည့်အကြောင်းအား ရုတ်တရတ်မေ့သွားမိသည်။ နံနက်စောစောစီးစီးဤကဲ့သို့အမူအရာမျိုးနှင့်ဆိုလျှင် အဘိုးအိုသည်ကျိန်းသေပေါက်စိတ်ပေါက်နေသည့်ပုံပေါ်ပြီး သူကလည်းပုခုံးပေါ်သွားလက်တင်မိလျက်သားဖြစ်နေတော့သည်။
" ရှစ်ဖူ . . ."
အဘိုးအိုသည် မျက်နှာရှုံ့တွလျက်ပင် နှာတစ်ချက်မှုတ်လိုက်ကာ ပြောဆိုတော့သည်။ " မတွေ့ရတာဖြင့်လနည်းနည်းပဲရှိသေးတာကို မင်းတော်တော်လေးသတ္တိကောင်းလာသားပဲ "
ယူရှောင်မိုသည်လည်း ဟီးဟီးဟားဟားသာရယ်မောနိုင်တော့သည် " မဟုတ်ရပါဘူးဗျာ . . . တပည့်မှာဘာသတ္တိမှမရှိပါဘူး . .ဘယ်လောက်ပဲသတ္တိမွေးမွေး အလုပ်လည်းမဖြစ်ပါဘူး "
ESTÁS LEYENDO
尹琊's 传说之主的夫人{The Legendary Master's Wife}
Ficción históricaThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...