Chapter - 348 ( ဆရာကြီးဟေးထျန် ၊ ဆရာကြီးဟေးထျန် )

10.5K 1.5K 19
                                    

[Zawgyi]🐬

ယူရှောင်မိုတစ်ယောက် ဒုက္ခိတဖြစ်သွားခဲ့သည့်ချိုင်ကျွင်းအား တစ်မဟုတ်ချင်းသတိရသွားတော့သည်။ ဤအကြောင်းအား ချိုင်မိသားစုသိသွားခဲ့ပြီဆိုလျှင် သူ့အားအလွတ်ပေးဖို့ရာအကြောင်းအရင်းရှိတော့မည်မဟုတ်ပေ။ အကယ်၍ သောက်ရှင်းတက္ကသိုလ်၏အကာအကွယ်သာမရှိခဲ့ဘူးဆိုလျှင် အနှီချိုင်မိသားစု၏အကြီးအကဲမှာ ခုနကတည်းက သူ့ဘေးနားသို့ရောက်ချနေပြီးလောက်မည်ပင်။

သည့်အပြင် ဤနေရာ၌သွမ့်ချီထျန့်ပါရှိနေမည်မို့ ချိုင်မိသားစု၏အကြီးအကဲမှာ သူ့အပြုအမူများအား ပိုပြီးသတိထားရန်လိုနေသည်ပင်။ သို့ဖြစ်ရာ သူအနေနှင့်ယူရှောင်မိုအားလုံးဝမထိရဲသည်မို့ မတတ်သာသည့်အဆုံး ဧကရာဇ်အဆင့်သိုင်းပညာရှင်၏ဖိအားကိုသာ ယူရှောင်မိုတို့ထံထုတ်လွှတ်ဖြစ်တော့သည်။ တကယ့်ကိုပင် အခြေအနေရောအချိန်အခါက သူတို့အဖို့လုံးဝအခွင့်သာမနေချေ။ သိပ်မကြာခင် ကျင့်ဟွားကျွန်း၏တခြားကျွန်းအရှင်နှစ်ဦးပါရောက်ရှိလာပြီး သူတို့ရောက်ရှိလာသည့်အချိန်မှာပင် အခန်းတစ်ခန်းလုံးတိတ်ဆိတ်ငြိမ်သက်သွားလေ၏။ လူအများ၏အကြည့်ထဲသို့ပထမဆုံးရောက်ရှိလာသည့်လူကား အရပ်ရှည်ပြီးကြွက်သားတုတ်ခိုင်သည့်လူတစ်ဦးဖြစ်ကာ သူ၏မျက်နှာတစ်ဝက်မှာလည်း မုတ်ဆိတ်တိုများဖြင့် ဖုံးကာထားလေသည်။ အသွင်အားဖြင့် အမျက်ဒေါသကင်းနေသည့်ပုံပေါ်ကာ ခံ့ညားထည်ဝါမှုကိုခံစားမိစေပြီး သူ၏ပုခုံးပြင်များမှာလည်း တကယ့်အစစ်နှင့်ချွတ်စွတ်တူလှသောရုပ်လုံးကြွကင်းမြီးကောက်ပုံများအား တက်တူးထိုးထားလေ၏။ သူလမ်းလျှောက်လိုက်သည့်အခါတိုင်း အရှိန်အဟုန်ကြီးလွန်းလှသည့်ဖိအားပြင်းများကပ်ပါလာသည်မို့ လူအကုန်လုံးအသက်ရှူရပ်မတတ်ပင်ကျန်ခဲ့တော့သည်။

ထိုပုဂ္ဂိုလ်ကား လျှပ်နွယ်ဖေးရှဲ့သာဖြစ်ပြီး ကောလဟာလများအရဆိုလျှင် သူ၏စွမ်းအားမှာလူအိုဟေးယွင်တစ်ဦးထက်သာနိမ့်သည်ဟူ၍ပင်။ သူ၏ဘေးဘက်၌မူ မီးတောက်မီးလျှံအကွန့်အညွန့်များပါရှိသည့်အနက်ဝတ်ရုံခြုံထားသော လူအိုဟေးယွင်သာဖြစ်လေ၏။ သူ၏မျက်နှာကား မျက်နှာဖုံးတစ်ခုနှင့်ဖုံးအုပ်ထားသည်ဆိုသော်လည်း ထိုမျက်နှာဖုံးကပင် သူ၏ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်ကာ အနှီလူအိုဟေးယွင်၏မျက်နှာအစစ်အား သူ၏တပည့်တပန်းများကအစ မည်သူတစ်ဦးတစ်ယောက်ကမှ မြင်ဖူးကြခြင်းမရှိချေ။ သို့ဖြစ်လေရာ လူအကုန်လုံးသည် သူရောက်လာတတ်သည့်အချိန်တိုင်း သူ၏လျှို့ဝှက်လွန်းလှသည့်အသွင်အပြင်အားသိရှိနေကာ မည်သူတစ်ဦးတစ်ယောက်ကမှဝေမဖန်ရဲပေ။ သူတို့နှစ်ဦးနေရာယူလိုက်ကြသည့်အခါဝယ် သွမ့်ချီထျန့်နှင့်အကြီးအကဲချုပ်ကလွဲလျှင် လူအကုန်နီးပါးရောက်ရှိနေကြပြီဖြစ်သည်။ လူအိုဟေးယွင်ကား စကားနည်းလှသည့်ပုဂ္ဂိုလ်ဖြစ်ကာ နတ်မိမယ်ဖူးရုန်နှင့်ဖေးရှဲ့ကိုသာ အစပျိုးသည့်အနေနှင့်စကားအနည်းငယ်မျှပြောဆိုလေ၏။ သို့နှင့်အဓိကကိစ္စသို့မရောက်သေးခင်မှာတင် နှုတ်ဆက်စကားဆိုကြသည့်ကိစ္စများကြောင့် နာရီဝက်မျှကုန်ဆုံးသွားလေ၏။

尹琊's 传说之主的夫人{The Legendary Master's Wife}Où les histoires vivent. Découvrez maintenant