Chapter - 365 ( မျိုးနွယ်စုဝင်၏သင်္ကေတ ၊ မျိုးနွယ်စုဝင်၏သင်္ကေတ )

10.8K 1.6K 28
                                    

[Zawgyi]🐞

အနှီလေးဦးသားအား ပထုတ်ရသည့်ကိစ္စမှာ ထင်ထားတာထက်ပင်ပိုလွယ်နေသေးသည်။ ယူရှောင်မိုတစ်ယောက် ဘာစကားတစ်ခွန်းမှမဆိုရသေးခင်မှာတင် သူတို့ဘက်မှအုပ်စုခွဲထွက်ရန် စကားဆိုလာကြ၏။ သူတို့ကား မတူညီသည့်လမ်းကြောင်းသုံးခုဆီရွေးချယ်လိုက်ကြကာ သိပ်မကြာလိုက်ခင်မှာတင် အသီးသီးထွက်ခွာကြကုန်သည်။

ယူရှောင်မိုကိုယ်တိုင်လည်း သူအံ့သြသွားရမှန်းဝန်ခံရပေမည်။ သို့သော်အနှီအံ့သြမှုကား ခဏလေးအတွင်းမှာပင် သူ၏ခေါင်းနောက်သို့ရောက်သွားတော့သည် ။ နှစ်ဦးသားသည် ဆွေးနွေးမှုတစ်ချို့ပြုပြီးသည့်နောက်တွင် သူတို့၏တာဝန်အား နောက်မှထမ်းဆောင်ကြရန် ဆုံးဖြတ်လိုက်ကြပေသည်။ အရင်ဆုံးအနေနှင့် သူတို့နှစ်ဦးသည် စိတ်စွမ်းအင်ကျောက်တုံးများအား သိမ်းဆည်းနိုင်ရန်အတွက် ယန်မြို့၏စီးပွားရေးခရိုင်ဆီသို့ ဦးတည်ကြရမည်ဖြစ်သည်။ အနှီကားအနည်းငယ်မျှ အခက်ကြုံလောက်မည့်ပုံပေါ်သော်လည်း လင်းရှောင်လုပ်ခဲ့သည့်ကိစ္စအားလုံးမှာ သတင်းပြန့်ပြီးသားဖြစ်နေသည့်အတွက် သူတို့မှာသတိတကြီးလုပ်ကိုင်ဆောင်ရွက်ရုံမှတစ်ပါးအခြားမရှိပေ။

" ခင်ဗျားဟိုတစ်ခေါက်တုန်းက ရုပ်ဖျက်ခဲ့တဲ့ပုံစံပဲ ပြန်ပြောင်းမှာလား ? "

ယူရှောင်မိုတစ်ယောက် လင်းရှောင်အားခိုးကြည့်မိသည်။ သူသည်လင်းရှောင်ထံ၌ တကယ်တမ်းနားကပ်တစ်ခုရှိနေမှန်း တစ်ခါမှသတိထားမိခဲ့သည်မဟုတ်။ အရင်တစ်ခေါက်တုန်းကလည်း သူတို့နှစ်ဦးမှာ အနည်းငယ်မျှအလှမ်းဝေးနေခဲ့သည်မို့ သူအနီးကပ်သေချာမကြည့်နိုင်ခဲ့ပြန်။ နောက်ပြီး မျက်ခုံးကြားကမီးလျှံအမှတ်အသားကလည်း ဘယ်ကနေရောက်လာမှန်းမသိ ?

" အေးပေါ့ "

လင်းရှောင်သူအရင်တစ်ခေါက်က ဝတ်ဆင်ခဲ့သည့်အနက်ရောင်ဝတ်စုံအား ထုတ်ယူလိုက်ပေသည်။

" ခင်ဗျားဘယ်လိုဖြစ်လို့ ဒီလိုပုံကြီးပေါက်သွားတာလဲ ? "

" ငါမင်းကိုအရင်က မပြောပြဖူးဘူးလား ? "

လင်းရှောင်ခေါင်းလှည့်ကြည့်လိုက်သည်။

" ဟင့်အင်း . . "
ဒင်းကတကယ်တမ်းတော့ ဒီလိုမျိုး ကလက်တက်တက်အပြင်အဆင်မျိုးတွေ ကြိုက်တယ်ဆိုတဲ့အကြောင်းကိုလား ?

尹琊's 传说之主的夫人{The Legendary Master's Wife}Donde viven las historias. Descúbrelo ahora