Chapter - 358 ( မျှားခေါ်ခြင်း ၊ မျှားခေါ်ခြင်း )

9.4K 1.6K 40
                                    

[Zawgyi]🐓

ရှစ်ဖူရဲ့ဝိညာဉ်မှာ ပြဿနာရှိနေတာပေါ့ ?

သူမှတ်မိသည်က ရှစ်ဖူသည်သူ၏စိတ်နှစ်ခွအကြောင်းပြောပြခဲ့ကာ အနှီအရာမှသူ၏ဆေးလုံးဖော်စပ်သည့်စွမ်းရည်အား မည်သို့သက်ရောက်နေသည့်အကြောင်းကိုသာပြောပြခဲ့ခြင်းဖြစ်ပြီး သူ၏ဝိညာဉ်တွင်ပြဿနာရှိနေသည့်အကြောင်းအား ဘာတစ်ခုမှပြောပြခဲ့သည်မဟုတ် !

သူအနေနှင့်လုံးဝနားမလည်နိုင်သော်လည်း ချိုရန်ကားလိမ်ပြောနေသည့်ပုံမပေါ်ချေ။

လင်းရှောင်သူ၏နားအတွင်းသို့ တိုးတိုးလေးကပ်ပြောလေ၏။

" မင်းရှစ်ဖူရဲ့မျက်နှာကိုကြည့်ရသလောက်ဆို ချိုရန်ကတကယ့်ချက်ကောင်းကိုသမလိုက်တဲ့ပုံပဲ. . သူကဟေးထျန်ကိုတောင် ဒီအကြောင်းပြောပြထားပုံမပေါ်ဘူး "

ယူရှောင်မိုအံကြိတ်မိလိုက်သည်။

" တကယ်ပဲရှစ်ဖူရဲ့ဝိညာဉ်မှာ ပြဿနာရှိနေမယ်ဆိုရင်တောင် ဓာတ်စွမ်းအင်နှစ်ကဝိညာဉ်ကိုပြန်ပြင်ပေးနိုင်လား ? "

လင်းရှောင်တဟက်ဟက်ရယ်မောလိုက်သည်။

" ပြင်နိုင်တာပေါ့ကွ "

ယူရှောင်မိုတစ်ယောက် လင်းရှောင်၏လက်မောင်းအားလှမ်းဆွဲလေ၏။

" ဒါဆိုဓာတ်စွမ်းအင်နှစ်ကို သောက်ရှင်းတက္ကသိုလ်ရသွားအောင် ကျွန်တော်တို့သေချာပေါက်ကူညီရတော့မှာပေါ့ "

ရှစ်ဖူမှသူ၏ဓာတ်စွမ်းအင်နှစ်အား လက်ခံအောင်လုပ်မည့်နည်းလမ်းမှာ ဒီတစ်နည်းသာရှိသည်ပင်။ ယူရှောင်မိုသည် ပထမတပည့်မှသူ၏ဒုတိယတပည့်အား လုပ်ကြံခဲ့ကြောင်းသိသွားရသည့်ရှစ်ဖူ၏အဖြစ်အားစဉ်းစားမိသည်နှင့်ပင် သူ၏နှလုံးသားမှခါးသီးမှုများမှာ တလိပ်လိပ်ထိုးတက်လာတော့သည်။

လင်းရှောင်မှသူ့အား ခပ်စူးစူးအကြည့်ဖြင့်စိုက်ကြည့်လိုက်သည်။

" မင်းပြောတာသေချာရဲ့လား ? *ကျွန်တော်* မဟုတ်ဘဲ *ကျွန်တော်တို့* ဆိုတာ "

ယူရှောင်မိုတစ်ယောက် ခြောက်ကပ်ကပ်ရယ်မောလိုက်တော့သည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Onde histórias criam vida. Descubra agora