Chapter - 327 ( ကျွန်တော်အရမ်းကြောက်လို့ပါ ၊ ကျွန်တော်အရမ်းကြောက်လို့ပါ )

12K 1.8K 41
                                    

[Zawgyi]

စမ်းသပ်ပွဲမှာ လွန်ခဲ့သောလေးငါးရက်ကမှ စတင်ကျင်းပခဲ့သော်လည်း လုပ်ဆောင်ချက်များ၏လေးပုံတစ်ပုံမှာတော့ ပြီးစီးအောင်မြင်သွားကြပြီးဖြစ်သည်။

အဆန်းကြယ်ဆုံးအချက်မှာကား ထိပ်သီးစစ်ဆေးချက်ငါးခုစလုံးက ပြီးမြောက်အောင်မြင်ခဲ့ခြင်းပင်။

ပဉ္စမမြောက်လုပ်ဆောင်ချက်ကို ထန်ယွီ ၊ စတုတ္ထမြောက်ကို ကောင်းယန်၊ တတိယမြောက်ကို ယင်းကော ၊ ဒုတိယမြောက်ကို ပိုင်လီထျန်းယီမှ ထမ်းဆောင်နိုင်ခဲ့ပြီး ရုတ်တရတ် ပြိုင်ပွဲစဉ်ပြောင်းလဲသွားသည့်အတွက်ကြောင့် ပိုင်လီသည် ကျန့်ယွီရွှမ်းလိုချင်သည့်အရာတစ်ခုခုနှင့် ကျန့်ယွီရွှမ်းထံမှဇီဝအမြုတေကိုလဲလှယ်ရန် သဘောတူလိုက်လေသည်။

ထိပ်သီးလုပ်ဆောင်ချက်ကိုမူ လင်းရှောင်နှင့် သူ၏တွဲဖက်မှ လုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူကမှမထင်ထားမိခဲ့သော်လည်း သူတို့နှစ်ဉီးသားမှာ အောင်မြင်ခဲ့လေ၏။

အကြီးအကဲတစ်ယောက်မှ အချက်အလက်များအား မှတ်တမ်းတင်ပြီးသည့်နောက်တွင် ယန်ဖာသည် ယူရှောင်မိုနှင့်လင်းရှောင်မှတစ်ပါး ကျန်သူများအားလုံးကိုထွက်ခွါခိုင်းကာ လင်းရှောင်နှင့်ယူရှောင်မိုအား သူနှင့်တစ်ပါတည်းခေါ်ဆောင်သွားတော့သည်။

ယူရှောင်မိုသည်လည်း စိတ်ဂနာမငြိမ်ဖြစ်နေကာ တုံရှန်နှင့်ထိပ်တိုက်တွေ့မှုအား ပြောပြရန်သင့်မသင့်ချင့်ချိန်တွေးဆနေတော့သည်။ ဖြစ်စဉ်မှာသူ၏လျှို့ဝှက်ချက်နှင့် ပတ်သတ်နေသည်မို့ချိတုံချတုံဖြစ်ကာ မဝံ့မရဲတွန့်ဆုတ်နေမိတော့သည်။ အကယ်၍သူအကြောင်းအရာအားဖုံးကွယ်ရန်လုပ်ထားပြီးနောက် တုံရှန်တို့နောက်တစ်ကြိမ်ရောက်လာသည်ရှိသော် ရုတ်ရုတ်သဲသဲဖြစ်ပွါးသည့်အမှုအား တက္ကသိုလ်မှအကြီးအကဲများသတိမထားမိနိုင်တော့မှာ မဟုတ်တော့ချေ။

ယူရှောင်မိုသည် လင်းရှောင်အား လှမ်းကြည့်မိတော့သည်။ သူသာနဂိုကတည်းက ဤအခြေအနေကိုကြိုသိခဲ့မည်ဆိုလျှင် သင့်တော်သည့် လံကြုတ်ဇာတ်အား လင်းရှောင်နှင့်ကြိုတင်ဇာတ်တိုက်နိုင်လောက်ခဲ့မည်ဟူ၍။

尹琊's 传说之主的夫人{The Legendary Master's Wife}Where stories live. Discover now