[Zawgyi]💵
တကယ်တမ်းမှာတော့ ယင်းသို့ဖြစ်လာစရာအကြောင်းမရှိသော်ငြား ယူရှောင်မိုတစ်ယောက်မှာတော့ စိတ်စွမ်းအင်ကျောက်တုံးကိုသာရွေးချယ်လောက်မည်ပင်။ စိတ်စွမ်းအင်ကျောက်တုံးများအားရွေးချယ်ပြီးသည့်နောက်တွင် သူသည်တစ်ခဏမျှထိတွေ့လိုက်ရသည့်ဓာတ်စွမ်းအင်နှစ်အတွက် ဝမ်းနည်းပူဆွေးဦးမှာဖြစ်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ဓာတ်စွမ်းအင်နှစ်အားချက်ချင်းမေ့ပစ်လိုက်ကာ စိတ်စွမ်းအင်ကျောက်တုံးပုံကြီးအားပွေ့ပိုက်နေရင်း အရူးတစ်ယောက်ကဲ့သို့ပြုံးဖြဲဖြဲလုပ်နေတော့မည်ဖြစ်သည်။ အနှီကား ယူရှောင်မိုလုပ်လောက်မည့်ကိစ္စသာဖြစ်ပေ၏။
ရှယ်ချိုသည် သူ၏မိသားစုသခင်လေးအကြောင်းအား သေချာနောကျေနေသည်မို့ ယင်းအားကြိုခန့်မှန်းထားနိုင်၏။ သို့ဖြစ်ရာအကြီးအကဲလင်းရှောင်မှ ဟေးထျန်အားဖြေရှင်းချက်ပေးရန်အလို့ငှာ သခင်ဖြစ်သူအားဆင်ခြေအဖြစ်သုံးလိုက်သည့်ကိစ္စမှာ သူ့အဖို့ဆန်းကြယ်သည့်ကိစ္စမဟုတ်ချေ။
ရှယ်ချို၏ဖဲ့ချက်အားခံလိုက်ရသောယူရှောင်မိုကား ထောင့်တစ်နေရာသို့သာရွှေ့ပြောင်းသွားကာမှုန်ကုပ်နေ၏။
" ခဏလေး ! "
ထိုတဒင်္ဂမှာပင် ကန့်ကွက်မည့်လူတစ်ယောက်ပေါ်ထွက်လာတော့သည်။ နှစ်လို့ဖွယ်ကောင်းသောအသံသည် တိတ်ဆိတ်နေမှုအားဖြိုခွင်းလိုက်ပြီး အနှီလူကား အံ့အားသင့်စရာကောင်းလောက်အောင် နတ်မိမယ်ဖူးရုန်သာဖြစ်ပေသည်။
ရှိရှိသမျှလူပုဂ္ဂိုလ်အားလုံးမှာ သူမအားအာရုံစိုက်မိလိုက်ကြသည်။
နတ်မိမယ်ဖူးရုန်သည် သုန်မှုန်နေသောအကြည့်ဖြင့် ဟေးထျန်အားစိုက်ကြည့်လိုက်ကာ " ဟေးထျန်. .ကျင့်ဟွားကျွန်းမှာတုန်းက ကျွန်မတို့သုံးဆယ်ရာခိုင်နှုန်းယူမယ်ဆိုပြီး သောက်ရှင်းတက္ကသိုလ်နဲ့သဘောတူညီမှုပြုပြီးသားနော်. .အခုရှင်ကအဲ့ဒီလူကို ခုနစ်ဆယ်ရာခိုင်နှုန်းပေးမယ်ဆိုပြီး ကတိပေးလိုက်တယ်ဆိုတော့ ရှင်ဒါဘာသဘောနဲ့လုပ်လိုက်တာလဲ ? ရှင်ကျွန်မတို့ဝေစုတွေကို ထိုးပေးလိုက်တာလား ?! "
KAMU SEDANG MEMBACA
尹琊's 传说之主的夫人{The Legendary Master's Wife}
Fiksi SejarahThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...