Chapter - 357 ( မိတ်ဆွေအဖြစ်မှ ရန်သူအဖြစ်သို့ပြောင်းသွားခြင်း )

9.4K 1.6K 47
                                    

[Zawgyi]🌈

စိတ်စွမ်းအင်ကျောက်တုံးများမှာ လွန်စွာတူးရခက်လှပြီး အထူးသဖြင့် နက်ရှိုင်းလွန်းသည့်ရေအောက်ကြမ်းပြင်တွင် အလွန်ခက်ခဲလှပေ၏။ သာမာန်လူများဆိုလျှင်တော့ လုံးဝလုပ်ကိုင်နိုင်မည့်အရာမဟုတ်သော်လည်း ကံကောင်းထောက်မစွာဖြင့် လင်းရှောင်ရှိနေသည်ပင်။

လင်းရှောင်သည်သူ၏စွမ်းအားကိုအသုံးပြုကာ ကွင်းပြင်တစ်ခုဖန်ဆင်းလိုက်ပြီး ပင်လယ်ရေများအား ၎င်းထဲသို့ဖယ်ထုတ်လိုက်သည်။ သူတို့နှစ်ဦးမှာ အင်မတန်နက်ရှိုင်းလှသောရေအောက်ကြမ်းပြင်သို့ရောက်ရှိနေသည့်အတွက်ကြောင့်ပင် ဖိအားအလွန်များလှသည်မို့ လင်းရှောင်တောင်မှအကြာကြီးထိန်းထားနိုင်စွမ်းမရှိချေ။ သူအတတ်နိုင်ဆုံးအချိန်မှာ တစ်နာရီမျှသာဖြစ်လေ၏။

အချိန်စေ့သည်နှင့်တစ်ပြိုင်နက်ပင် လင်းရှောင်သည်ကွင်းပြင်အားချက်ချင်းရုတ်သိမ်းသင့်ပြီး ထိုမျှမဟုတ်လျှင် သူ၏ကိုယ်တွင်းမှစွမ်းအားအမြုတေထိခိုက်သွားမည်ဖြစ်ရာ သူ့အနေနှင့်သောက်ရှင်းတက္ကသိုလ်မှ ဓာတ်စွမ်းအင်နှစ်ရအောင် ကူညီနိုင်တော့မည်မဟုတ်ချေ။

ယူရှောင်မိုလည်း အလောတကြီးလုပ်ကိုင်ရတော့မည့်အကြောင်းအား နားလည်လိုက်သည်မို့ သူ၏စိတ်ဝိညာဉ်စွမ်းအားကို ဘယ်အချိန်မဆိုပြန်လည်ဖြည့်တင်းနိုင်ရန်အလို့ငှာ စိတ်စွမ်းအင်ရေတစ်ပုလင်းအား အမြန်ထုတ်ယူလိုက်တော့သည်။ အထူးသဖြင့်သူတစ်ဦးတည်းကသာ တူးယူရမည်မို့။

စိတ်စွမ်းအင်ကျောက်တုံးများမှာ အတော်လေးမာကြောလွန်းလှပြီး ထုတ်ပြောစရာမလိုလောက်အောင် နက်နက်နဲနဲမြုပ်ဝင်နေသောကြောင့် တူးဖော်ရခက်ခဲလေ၏။ ယူရှောင်မိုကား ပထမဆုံးတစ်လုံးနှင့်ပင် သိရှိနားလည်လိုက်သည်မို့ သူ့အနေနှင့်တူးဖော်မည့်အချိန်တွင် စိတ်ဝိညာဉ်စွမ်းအားကိုသာ ကျိန်းသေပေါက်အသုံးချရတော့မည်ဖြစ်သည်။ တစ်ခုကောင်းသည်က သူသည်လည်း အဆင့်၈မှော်ဆရာတစ်ယောက်သာဖြစ်သည်ပင်။

သူ့အနေနှင့် အချိန်တိုအတွင်းအကျိုးအမြတ်များစေရန် အားကြိုးမာန်တက်အကြမ်းပတမ်းသာလုပ်ကိုင်ရတော့မည်ဖြစ်သည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Où les histoires vivent. Découvrez maintenant