Chapter - 361 ( အလဲအလှယ်အတွက်သတ်မှတ်ချက် )

10.1K 1.7K 143
                                    

[Zawgyi]🐉

" ဟုံယွင်. .မင်းဘာပြောလိုက်တာလဲ ? "

ဟုံယွင်၏အနီးဆုံးနေရာ၌ရှိနေသောချိုရန်သည်လည်း ဟုံယွင်မှလေသံတိုးဖွဖွဖြင့်ရေရွတ်လိုက်သည့်အသံအား ကြားလိုက်ရသည့်အခါဝယ်မေးမြန်းလေ၏။ သူဟုံယွင်၏စကားများအား သေချာမကြားမိလိုက်ချေ။ သူ၏စိတ်အာရုံများကား မီးလျှံဇာမဏီငှက်ဆီသာစုပုံကျရောက်သွားသောကြောင့် ဟုံယွင်၏စကားများအားနားစွန်နားဖျားသာကြားလိုက်ရသည်မို့။ သူသိလိုက်သည်က ဟုံယွင်တစ်ယောက် ထူးဆန်းသည့်စကားတစ်ခွန်းအား ဖွင့်ဟပြောဆိုလိုက်ခြင်းသာဖြစ်သည်။

ဟုံယွင်ကားလက်တစ်ဖက်ဖြင့် မျက်နှာကိုအုပ်လျက်ပင် သူ၏ကြောက်စိတ်မွှန်နေသောမျက်လုံးများမှာ လက်ချောင်းများ၏ကြားမှတစ်ဆင့်ချောင်းကြည့်လေ၏။

" ကျွန်တော်အထင်မှားစရာအကြောင်း လုံးဝမရှိဘူး ! ဒီလိုအစွမ်းအစမျိုးဆိုတာ မှော်ဝင်သားရဲဧကရာဇ်တွေရဲ့ဘုရင်ဖြစ်တဲ့ ရှေးဟောင်းဇာမဏီမိစ္ဆာတွေမှာပဲရှိတာဗျ ! "

အနှီရှေးဟောင်းဇာမဏီမိစ္ဆာသည် သွေးမျိုးနွယ်အရယှဉ်မည်ဆိုလျှင်တောင် သူ့အားပြားပြားဝပ်သွားစေသည်မို့ သူလည်း၎င်း၏ဖိနှိပ်ခြင်းအားအလွယ်တကူခံလိုက်ရလေ၏။ သူတို့နှစ်ဦးမှာဇာမဏီမျိုးစိတ်မှော်ဝင်သားရဲဖြစ်သည်မို့ သွေးသားနီးစပ်သည်ဟုဆို၍ရပေသည်။ ထို့ကြောင့်သူတစ်ဦးကသာလျှင် ယင်းကဲ့သို့သောထပ်ပေါင်းဖိနှိပ်အားကိုခံစားနေရခြင်းဖြစ်သည်။

ချိုရန်တစ်ယောက်အထိတ်တလန့်ဖြစ်သွားခဲ့ကာ မီးလျှံဇာမဏီအားလက်ပေါ်တင်ထားသည့် အမျိုးသားဆီသို့ လှမ်းကြည့်မိလိုက်သည်။ ဒီလူကရှေးဟောင်းဇာမဏီမိစ္ဆာပေါ့ ? ဒီလိုမှမဟုတ် သူရဲ့အသက်ဆက်နွယ်သားရဲက ရှေးဟောင်းဇာမဏီမိစ္ဆာများလား ? အဖြေကဘယ်ဟာပဲဖြစ်ဖြစ် ငါတို့ဓာတ်စွမ်းအင်နှစ်ရဖို့ အဟန့်အတားကြီးဖြစ်နေပြီပဲ ။

သူအတွေးပင်လယ်ထဲနစ်မြောနေသည့်အချိန်တွင် လင်းရှောင်မှစလှုပ်ရှားလိုက်ပြီဖြစ်သည်။

ကျော့ရှင်းလှပသောမီးလျှံဇာမဏီသည် မိုးကောင်းကင်ဆီသို့ထိုးခွင်းပျံတက်သွားကာ ခမ်းနားလှသောတောင်ပံနှစ်ဖက်အားဖြန့်ကျက်ပြီးသည့်နောက်တွင် ခုခံရန်အသင့်ဖြစ်နေသောချိုင်ဘိုးဘေးဆီသို့ထိုးဆင်းလေ၏။

尹琊's 传说之主的夫人{The Legendary Master's Wife}Where stories live. Discover now