Chapter - 377 ( ထွက်ခွါခြင်း ၊ ထြက္ခြါျခင္း )

10.4K 1.7K 143
                                    

[Unicode]🏔️

နှစ်လခွဲကြာပြီးသည့်နောက်တွင် လင်းရှောင်တစ်ယောက် နယ်မြေရွှေ့ပြောင်းလှိုဏ်ခေါင်းအား ပြီးပြည့်စုံအောင်ပြုလုပ်ပြီးသွားပြီဖြစ်သည်။ ၎င်းမှာမှန်းထားသည့်အချိန်ထက် တစ်လခွဲမျှပိုစောပြီးသွားသော်လည်း ကြားခံနယ်စွမ်းအားများတည်ငြိမ်စေရန်အတွက် သူတို့အနေနှင့်ရက်အနည်းငယ်မျှစောင့်ရမည်ဖြစ်သည်။ ထို့ကြောင့်လင်းရှောင်ပြောသလိုပင် သူတို့သည်ထွက်ခွါဖို့ အခွင့်အခါကောင်းသည့်နေ့အား လုပ်ဖို့သာကျန်တော့၏။ သို့သော်အဲ့ဒီမတိုင်ခင် သူတို့အနေနှင့်ဖြေရှင်းဖို့ပြဿနာများရှိနေသေး၏။

နယ်မြေရွှေ့ပြောင်းလှိုဏ်ခေါင်းတွင် လုံးဝကိုမှအားပြင်းလွန်းလှသည့် ကြားခံနယ်စွမ်းအားထုကြီးတည်ရှိနေလေသည်။ အကယ်၍သာမာန်လူတစ်ဦး ပြောရလျှင်ယူရှောင်မို၏ကျင့်ကြံဆင့်လောက်နှင့်ဝင်မည်ဆိုပါက ထိုကြားခံနယ်စွမ်းအားများကြောင့် တစ်ကိုယ်လုံးတစ်စစီကြေမွသွားမည်မှာမလွဲမသွေပင်။ ယူရှောင်မို့ထံတွင်ကားလင်းရှောင်ရှိသည်မို့ ပြဿနာရှိမည်မဟုတ်။ သို့သော်ကျန့်ယွီရွှမ်းနှင့်ယင်းကောတို့သည်ကား ထိုသို့မဟုတ်ချေ။

ကံကောင်းစွာပင် ကျန့်ယွီရွှမ်းနှင့်ယင်းကောသည် ထိုကိစ္စနှင့်ပတ်သတ်ပြီးကြိုတွေးပြီးသားဖြစ်၏။ သည့်အပြင်သူတို့သည် ၎င်းနှင့်ပတ်သတ်ပြီးအတွေ့အကြုံရှိပြီးသားဖြစ်သည်။ ထို့ကြောင့်သူတို့အား အဆင့်မြင့်နယ်မြေသို့ အတူလိုက်ခဲ့ဖို့​ပြောသည့်အခါတွင် ပြင်ဆင်ပြီးသားဖြစ်သည်။

သူပြောခဲ့သလိုပင် လင်းရှောင်သည် သုံးရက်ကြာပြီးနောက်၌ မင်္ဂလာရှိအခွင့်အခါသင့်သည့်နေ့အားရွေးချယ်လိုက်သည်။

ထွက်ခွါမည့်နေ့သည် လှိုဏ်ခေါင်းအားအပြီးသတ်ပြင်ဆင်ပြီး ဆယ့်တစ်ရက်မြောက်နေ့ဖြစ်ကာ ကြားခံနယ်စွမ်းအားများဟန်ချက်ညီပြီး ခရီးသွားဖို့ရန်အလုံခြုံဆုံးအချိန်ဖြစ်လေ၏။

သူတို့မထွက်ခွါခင် ယူရှောင်မို၏သူငယ်ချင်းများအားလုံးက သူနှင့်လင်းရှောင်၏အခန်းရှေ့၌စုဝေးရောက်ရှိလာကြကာ နှုတ်ဆက်ကြပေသည်။ အနှီကားလင်းရှောင်ဤနေရာ၌ လှိုဏ်ခေါင်း၏ဝင်ပေါက်အား တည်ဆောက်သည့်ရည်ရွယ်ချက်ပင်. . နဂိုတုန်းကကျယ်ကျယ်ဝန်းဝန်းရှိနေသောအခန်းမှာ ပိုင်လီထျန်းယီနှင့်တခြားသူများဝင်ရောက်လာသည်မို့ ခပ်မြန်မြန်ပင်ပြည့်ကြပ်သွားတော့သည်။ သူ၏အိမ်လေးလူများအပြည့်ဖြင့် နေရာမလွတ်အောင်ဖြစ်သွားသည့်ပုံအား မြင်လိုက်ရသည့်အခါတွင် ယူရှောင်မိုသည် အတွင်းခန်းထဲသို့ဝင်သွားကာ လင်းရှောင်အားအလိုမကျစွာပြောကြားလေသည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Where stories live. Discover now