Chapter - 344 ( ရုပ်ဆိုးကောင် ၊ ရုပ်ဆိုးကောင် )

10.1K 1.6K 30
                                    

[Zawgyi]🏯

ယူရှောင်မိုကား လူပျိုတစ်ဦးမဟုတ်တော့သည်မို့ အနည်းငယ်မျှနားထောင်လိုက်ရုံနဲ့တင် နံရံတစ်ဖက်မှလူများ ဘာလုပ်နေမှန်းသိလိုက်လေ၏။ အနှီအခြင်းအရာကား သူတို့ခုနလေးတင်မှပြုထားသည့်ကိစ္စဖြစ်နေပြီး ကုတင်မှတစ်ကျွီကျွီမြည်သံများပင် ကြားနေရသည်မို့ တစ်ဖက်လူများမှာ အတော်လေးစိတ်အားထက်သန်နေကြသည့်ပုံပင်။

ယူရှောင်မိုလည်းအံ့သြစွာဖြင့် လင်းရှောင်အားလှမ်းကြည့်ကာဆိုလေ၏။

" ဒါကြီးက . . . ခင်ဗျားမဟုတ်မဟတ်တွေ ချောင်းကြည့်နေတာလား ? "

လင်းရှောင် မျက်နှာအမူအရာမပြောင်းလဲဘဲ ဖြေဆိုလိုက်သည်။

" နံရံနဲ့မျက်နှာလွဲထားပြီး ချောင်းကြည့်တယ် ? "

" ဒါဖြင့်လည်း ခင်ဗျားဘာလုပ်နေတာလဲ ? " ယူရှောင်မိုမေးမြန်းလေ၏။

လင်းရှောင် " ခိုးနားထောင်နေတာ "

ယူရှောင်မို၏နှုတ်ခမ်းမှာမဲ့ရွဲ့သွားပြီး လင်းရှောင်အားသူ၏အင်္ကျီဖြင့် လှမ်းပစ်ပေါက်ကာ ပြောဆိုတော့သည်။

" ဒါဆိုလည်း ခင်ဗျားဘာကိစ္စနားထောင်နေတာတုန်း ? "

အဲ့ဒီလူတွေဆီကနေ လေ့လာချင်နေတာတော့မဟုတ်လောက်ပါဘူးနော် ? ဟုတ်တယ်မလား ? ကြောက်စရာကောင်းလိုက်တာဟ !

နောက်တစ်ရက်တွင် နှစ်ဦးသားသည် တစ်စုံတစ်ယောက်မှ သူတို့အားမှတ်မိသွားမည်စိုးသဖြင့် ရုပ်ဖျက်ပြီးမှသာ အခန်းထဲမှထွက်ခွာကြသည်။ တစ်ချိန်တည်းမှာပင် ဘေးအခန်းတံခါးပွင့်သွားကာ ကျော့မော့သပ်ရပ်ပြီး တင့်တယ်မှုအပေါင်းခညောင်းနေသောအမျိုးသားတစ်ဦး ထွက်လာလေ၏။ သူနှင့်ကပ်လျက်လိုက်ပါလာသောသူကား မက်မွန်ပန်းရောင်သန်းနေသောမျက်နှာနှင့် နွေဦးရေစင်ကဲ့သို့ ကြည်လဲ့နေသောမျက်ဝန်းအစုံပိုင်ဆိုင်ထားသော စွဲမက်ဖွယ်အမျိုးသမီးတစ်ဦးဖြစ်ပေသည်။

ယူရှောင်မို တစ်မဟုတ်ချင်း အေးခဲသွားတော့သည်။ ယခုအချိန်မှာတော့ သူသည် စာအုပ်တစ်အုပ်အား အဖုံးကိုကြည့်ရုံနဲ့တင် ဆုံးဖြတ်၍မရသည့်အကြောင်းအား သဘောပေါက်နားလည်သွားလေပြီ။

尹琊's 传说之主的夫人{The Legendary Master's Wife}Nơi câu chuyện tồn tại. Hãy khám phá bây giờ