[Zawgyi]
ကျောက်သာ့ကျိုးသည် လူအများဆွေးနွေးနေသည့်အကြောင်းအား နားစွန်နားဖျားကြားလိုက်သည့်အချိန်မှသာ သူတို့အားတစ်စုံတစ်ယောက်မှ အလစ်ချောင်းတိုက်ခိုက်ခဲ့မှန်း သိရှိနားလည်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် စွမ်းအားကြီးသည့်လူတစ်ဦးမှ သူတို့အားကယ်တင်ပေးခဲ့ခြင်းဖြစ်ပြီး သို့မဟုတ်လျှင် သူနှင့်ရှောင်ဟူ ကျိန်းသေရှုံးနိမ့်သွားကြမည်ပင်။
ကျောက်သာ့ကျိုးသည် ရှောင်ဟူနှင့်သူ့ကို ကယ်တင်ပေးခဲ့သည့်လူအား ရှာဖို့လုပ်နေသည့်အချိန်မှာတင် စိတ်လှုပ်ရှားနေသည့်အသံတစ်သံမှာ စင်အောက်ဘက်မှ ပျံ့လွင်လာတော့သည်။
" ဆရာတူအစ်ကိုငါး ကျွန်တော်တို့ဒီမှာဗျ " ထိုအသံသည် ထူးထူးခြားခြားပင် ရင်းနှီးကျွမ်းဝင်နေကာ ကျောက်သာ့ကျိုးတစ်ယောက် တစ်ခဏလောက် ဘာကိုမှမတုံ့ပြန်နိုင်ပေ။
သူသည် စင်အောက်ဘက်မှ သူ့အားလက်ဝှေ့ယမ်းပြနေသောသူကို မြင်လိုက်ရသည့်အခါမှာတော့ ကျောက်သာ့ကျိုးသည် အလွန်ပျော်မြူးလွန်းသွားပြီး ချက်ချင်းပင်ခုန်ချလိုက်ကာ သူ၏ချစ်စရာကျားလေးကိုတောင် ပြန်ခေါ်ဖို့မေ့သွားလေ၏။
" ဆရာတူညီငယ်လေး . . နောက်ဆုံးတော့ ငါမင်းကိုရှာတွေ့ပြီကွ " ကျောက်သာ့ကျိုးသည် သူ၏မျက်လုံးများကျွတ်ထွက်တော့မတတ်ပင် တက်တက်ကြွကြွဖြင့် ယူရှောင်မိုအားပွေ့ဖက်လိုက်လေသည်။ ထျန်ရှင်းဂိုဏ်းမှ ယန်မြို့သို့လာသည့်လမ်းတစ်လျှောက်လုံး သူဘယ်လောက်ပင်ပန်းရုန်းကန်ခဲ့ရလဲဆိုတာ ကောင်းကင်ဘုံကသာသိပေလိမ့်မည်။
ယူရှောင်မိုသည်လည်း တိုင်းတစ်ပါးအရပ်တွင် ရင်းနှီးနေသောမျက်နှာအား မြင်တွေ့လိုက်ရသည်မို့ ပျော်ရွှင်ကြည်နူးနေတော့သည်။ ယူရှောင်မိုနှင့်ကျောက်သာ့ကျိုးတို့နှစ်ဦးသည် မကြီးမငယ်ကလေးများကဲ့သို့ပင် ပွေ့ဖက်ရင်းနှင့် ဝိုင်းကြီးပတ်ပတ်လှည့်နေကြလေ၏။ အနှီအခိုက်အတန့်သည် ယူရှောင်မိုတခြားယောက်ျားတစ်ယောက်နှင့် အင်မတန်ပူးကပ်နေသည့်တိုင် လင်းရှောင်မှ ဝင်မတားသော ရှားပါးဖြစ်ရပ်ဖြစ်လေတော့သည်။
DU LIEST GERADE
尹琊's 传说之主的夫人{The Legendary Master's Wife}
Historische RomaneThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...