Chapter - 366 ( ၾကက္ကေလး ၊ ကြက်ကလေး )

11.5K 1.6K 110
                                    


[Zawgyi]🐣

" ဥလေးရေ. .မင်းအထဲမှာဘာလုပ်နေတာလဲ ? "

သူတို့စကားပြောနေတုန်းမှာပင် ခပ်ပြတ်ပြတ်အသံတစ်သံမှာ ဖီချို့ထံမှရုတ်တရတ်ထွက်ပေါ်လာသည်။

ယူရှောင်မိုလည်း ယင်းအသံအတိုင်းလိုက်ကြည့်မိသည့်အခါဝယ် စိတ်စွမ်းအင်ကျောက်တုံးပုံရှေ့မှ မလှမ်းမကမ်းနေရာ၌မတ်တပ်ရပ်နေကြသော ဖီချိုနှင့်မောင်းချိုကိုသာ မြင်တွေ့လိုက်ပေ၏။ နှစ်ကောင်သားသည် အပေါက်တစ်ခုတွင်းသို့ချောင်းကြည့်နေကြပုံပေါ်သည်။ သူမောင်ချိုအားအကြောင်းပြန်ပြီးသော် လျှောက်လှမ်းသွားတော့သည်။

" ဖီချို. .မင်းတို့ဘာလုပ်နေကြတာတုန်း ? "

မောင်းချိုချက်ချင်း သူ့အရှေ့သို့ခုန်ပေါက်လာခဲ့ကာ "မြောင် မြောင် မြောင်~ "

မောင်းချိုလေးသည်ယူရှောင်မို့ထံသို့ တစ်ဟုန်ထိုးပြေးထွက်လာခဲ့ကာ အချိန်အတော်ကြာအောင် မြောင်ဝေါင်ဝေါင်နေပြီး အကြောင်းအရာတစ်ခုခုအားရှင်းပြနေပုံပေါ်၏။

ယူရှောင်မို၏နှုတ်ခမ်းဖျားများ တွန့်လိမ်နေတော့သည်။ တကယ်အားတော့နာပေမယ့် သူကြောင်ကိုဆို နားကိုမလည်ဘူး။

ယူရှောင်မိုတစ်ယောက် ဖီချို့ဆီသို့ချက်ချင်းလှည့်ကြည့်လိုက်ကာ

" ဖီချို. .မင်းပြောကြည့်။ လူလိုပြောနော် "

မောင်းချိုသည် ဝမ်းနည်းနာကျည်းချက်များဖြင့် ဘောလုံးတစ်လုံးသဖွယ် လှိမ့်ခွေလိုက်သည်။

ဖီချိုသူ၏ဝံပုလွေလက်ဖောင်းဖောင်းလေးအား ဆန့်ထုတ်လိုက်ကာ စိတ်စွမ်းအင်ကျောက်တုံးပုံကြားထဲသို့ညွှန်ပြနေရင်းဖြေဆိုလေ၏။

" ဥလေးကအထဲမှာရှိနေပေမယ့် သူအဲ့ဒီမှာဘာတွေလုပ်နေမှန်း ကျွန်တော်မသိဘူး ! "

ယူရှောင်မိုအရှေ့တိုးသွားကာ စိတ်စွမ်းအင်ကျောက်တုံးပုံကြားထဲသို့ စပ်စပ်စုစုလှမ်းကြည့်လိုက်သည်။ သူသည်အစောပိုင်းတွင် အလျင်စလိုလုပ်ခဲ့မိသောကြောင့် ကျောက်တုံးပုံကြားတွင် နေရာလွတ်လေးတစ်ခုဖြစ်ပေါ်သွားပေသည်။ အနှီသားရဲဥကား ယင်းနေရာ၌လဲလျောင်းနေသည်ပင်။ ဥအခွံ၏မျက်နှာပြင်သည် နဂိုကထက်ပိုပြီးချောမွေ့ပြောင်လက်နေသည့်အပြင် ၎င်း၏အရောင်များမှာလည်း ပိုပြီးဝင်းလက်ရွှန်းစိုလာ၏။ သို့သော်လည်းသူသည် ၎င်းမှာတစ်ခုခုထူးဆန်းနေမှန်း ဆက်တိုက်ခံစားမိနေသည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Donde viven las historias. Descúbrelo ahora