[Zawgyi]🐚
လင်းရှောင်နှင့်ယူရှောင်မိုတို့ ယန်ဖာအားရှာတွေ့လိုက်ကြသည့်အခါဝယ် သောက်ရှင်းအဖွဲ့ဝင်အားလုံးသည် တိုက်ပွဲဖြစ်ပွားခဲ့သည့်ကျွန်းပေါ်၌သာရှိနေကြပေသည်။ သူတို့နှင့်အတူ ယူရှောင်မိုမှတ်မိသည့်လူအချို့လည်းရှိနေပြန်၏။
ယင်းကားအော်စကာဆုရနိုင်လောက်သည့် ဆရာတူအစ်ကိုနှင့်ဆရာတူအစ်မစုံတွဲ ခဏ မှားသွားလို့ သူတို့၏ဆရာတူညီမလေးဆိုသည့် ညီမလေးငယ်လေးကြောင့် ပုန်းလျှိုးကွယ်လျှိုးတွဲရန် ဖိအားပေးခံထားရသည့်စုံတွဲသာဖြစ်သည်။
အံ့သြဘနန်းဖြစ်ဖွယ်အချက်ကား အနှီဆရာတူညီမငယ်လေးမှာ လုံးဝကြော့ရှင်းသပ်ရပ်နေသည့်ပုံပေါ်နေခြင်းသာဖြစ်သည်။ သူမနှင့်ယှဉ်လိုက်လျှင်တခြားသူများမှာ နွမ်းလျစုတ်ပြတ်နေပုံပေါ်ပြီး မကြာသေးခင်ကမှ ပြင်းထန်သည့်တိုက်ပွဲနှင့်ရင်ဆိုင်ခဲ့ရပုံပေါ်မှန်းသိသာနေ၏။
ယူရှောင်မိုတို့နှစ်ဦးပြန်လည်ရောက်ရှိလာသည့်အချိန်တွင် အားလုံးအံ့သြမှင်တက်သွားကြ၏။
အဆင့်၁၀မှော်ဝင်သားရဲတစ်ကောင်၏အမဲလိုက်ခြင်းခံရသည့်တိုင် လူအကောင်လိုက်မချို့မယွင်းပြန်လာနိုင်သည့်ဖြစ်ရပ်ကား လုံးဝနောက်စရာတောင်မဟုတ်။
သူတို့အားလုံးမှင်တက်နေသည့်အချိန်တွင် အင်မတန်အံ့အားသင့်မှုလွှမ်းနေသည့်အသံတစ်သံကား အမှတ်မထင်ထွက်ပေါ်လာ၏။
" နင်တို့နှစ်ယောက် ဟမ့် ငါရှေ့မှာနောက်တစ်ကြိမ်ထပ်ပြီးပြန်ပေါ်လာရဲတယ်ပေါ့ ? "
ဆရာတူညီမငယ်လေးသည် အရင်ဆုံးအနေနှင့်သူမ၏အံ့သြမှုအားလှစ်ဟဖော်ပြခဲ့ပြီးနောက်၌ မူမမှန်သည့်ရယ်သံတစ်ခုပြုလိုက်သည်။ သူမပစ်မှတ်ထားသည့်သားကောင်မှ သူမရှေ့သို့ကိုယ်တိုင်ကိုယ်ကျရောက်လာခြင်းကို ပျက်ရယ်ပြုသည့်အလား။ သူမ၏အပြုအမူကား ယခင်ကအတိုင်းပင် တစ်ဖက်လူအားကသိကအောက်ဖြစ်စေ၏။
" ယွီလေး. .ကျေးဇူးပြုပြီး တော်လိုက်ပါတော့ "
ပါးနပ်လှသည့်လန်ရီလန်းမှ သူမအားရပ်တန့်ရန်ပြောကြားလိုက်သည်။
![](https://img.wattpad.com/cover/200295484-288-k608888.jpg)
ESTÁS LEYENDO
尹琊's 传说之主的夫人{The Legendary Master's Wife}
Ficción históricaThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...