Chapter - 325 ( ကတိစကားကိုဖြည့်ဆည်းခြင်း၊ ကတိစကားကိုဖြည့်ဆည်းခြင်း)

12.9K 1.8K 22
                                    

[Zawgyi]

" အဲ့ဒါဆို လည်း ... ကောင်း ပြီ လေ "
အနှီစကားအား ယူရှောင်မိုတစ်ယောက်အထစ်ထစ်အငေါ့ငေါ့နှင့်ပြောပြီးပြီးချင်း လင်းရှောင်သည် လုံးပတ်ကြီးမားထူထဲလှသည့်သစ်ပင်ကြီးအောက်သို့ ယူရှောင်မိုအားပွေ့ချီသွားကာ သူ၏ကျောကုန်းအား ပင်စည်ကိုမှီလျက်အနေအထားဖြစ်အောင် နေရာချပေးလိုက်သည်။ နှစ်ဦးသားမှာ နှဖူးချင်းထိတွေ့ထားကာ ဝင်သက်ထွက်သက်များကလည်း ခါတိုင်းနှင့်မတူစွာ အပူငွေ့များခံစားနေရတော့သည်။ ထိုအပူငွေ့ကပဲ ယူရှောင်မို၏မျက်နှာတစ်ပြင်လုံးကို နီရဲစေတော့၏။

လင်းရှောင်သည် သူ၏ခြေထောက်နှစ်ဖက်ကြားသို့ ခြေတစ်ဖက်တွန်းထည့်လိုက်လေသည်။ ခန္ဓာကိုယ်တွင်းမှအပူလှိုင်းများသည်လည်း သူတို့၏အဝတ်များအထိ ပျံ့နှံ့ထင်ဟပ်လျက်ရှိပေသည်။ လင်းရှောင်အသံတိုးဖျော့ဖျော့နှင့် နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။ " မင်း တကယ်သေချာပြီလား ? "

ယူရှောင်မိုသည် ခေါင်းငုံ့ထားလျက်ပင် သူ၏ရှက်သွေးဖြာမှုမှဒေါသအဖြစ်သို့ပြောင်းသွားကာ အော်ဟစ်လိုက်တော့သည်။

" ပါးစပ်ပိတ် ! ခင်ဗျားလုပ်ဖို့ရည်ရွယ်ထားရင်လည်း အခုပဲစလုပ်လိုက်ပါတော့ "
လင်းရှောင် သူ့ကိုဒီကိစ္စရပ်အတွက် သေချာသလားဆိုသည်ကိုတောင် အတည်ကြီးမေးရတယ်ရှိသေးတယ်. . သူဒီလိုလုပ်အောင် တွန်းအားပေးထားတဲ့သူက ဘယ်သူဆိုတာကို လင်းရှောင်မမှတ်မိဘူးလား ?

လင်းရှောင်သည် ညင်သာစွာ တဟက်ဟက်ရယ်မောလိုက်သည်။ " ငါစိုးရိမ်တာ မင်းကဒီအတိုင်းဂရုဏာသက်မိလို့ သဘောတူရုံပဲတူလိုက်တာများလားလို့ "

တစ်လက်မပေးပြီး တစ်မိုင်ပြန်ယူတယ်ဆိုတာ ဒါမှဒါအစစ် !

ယူရှောင်မိုသည် သူလင်းရှောင်၏ခြယ်လှယ်ခြင်း ခံနေရသည်ကို လုံးဝသဘောမပေါက်သေးသည်မှာ ဝမ်းနည်းစရာပင်။ ရှယ်ချိုမှာဤအခြင်းအရာကို သိလိုက်သော်လည်း သူ့တွင်မည့်သည့်အရာကိုမှဖွင့်ပြောရန် အခွင့်အရေးမရှိပေ။ အခွင့်အရေးရမည်ဆိုလျှင်တောင်မှ သူလုံးဝပြောလိမ့်မည်မဟုတ်။

尹琊's 传说之主的夫人{The Legendary Master's Wife}Onde histórias criam vida. Descubra agora