Chapter - 380 ( နတ်ဒေဝါအရှင်ဆယ်ပါးမှစောရအရှင် )

22.5K 1.8K 192
                                    

[Unicode]🌵

ပေတုံသည် တုံထျန်းပြည်၏လူသိများသော မြေရိုင်းတစ်ခုဖြစ်ပြီး အဓိကအားဖြင့်လေလွင့်ခရီးသည်များနှင့် အပယ်ခံများနေသည့်နေရပ်ဖြစ်လေသည်။ ယခုအခါတွင်တော့ ထိုလူများသည်အင်အားကြီးမားလာကြပြီး အင်အားစုကြီးဆယ်စုအဖြစ် ရပ်တည်လာကြသည့်အပြင် ခရိုင်တစ်ခုချင်းဆီမှ ထိုအင်အားစုများသည် သူတို့အချင်းချင်းပဋိပက္ခအသေးအမွှားများ ဖြစ်ပေါ်လျက်ရှိ၏။

သို့သော်ပေတုံ၏ဧရိယာသည် အင်မတန်ကျယ်ပြောလှသည့်အတွက် ပေတုံအား ထိုအင်အားစုကြီးဆယ်စုမှ ထိန်းချုပ်ထားသည်ဆိုသည့်တိုင် အငယ်တန်းအင်အားစုများ လွှမ်းမိုးထားသည့်ဧရိယာများလည်းရှိနေသေး၏။ ပေတုံသည် တုံထျန်းပြည်၏တစ်စိတ်တစ်ဒေသလေးသာဖြစ်သော်လည်း လုံရှန့်ပြည်နှင့်နှိုင်းယှဥ်မည်ဆိုပါက ဆယ်ဆခန့်ကြီးမားပေသည်။

ထိုအချက်အားလုံးမှာ သောက်ယွင်မှယူရှောင်မိုအား ရှင်းပြသည့်အချက်များဖြစ်လေသည်။

သောက်ယွင်သည်ယခုမှသာ ပထမဆုံးအနေနှင့် တုံထျန်းပြည်သို့ရောက်ရှိလာသည်ဆိုသော်လည်း သူ၏ဆရာပြောပြခဲ့သည့်ဇာတ်လမ်းများမှတဆင့် ဤနေရာ၏အကြောင်းများအား သူငယ်ငယ်လေးကတည်းသိရှိခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာသူသည် ဤအရပ်သို့သွားလည်ကြည့်ဖို့ရန် ဆန္ဒပြင်းပြနေခဲ့ခြင်းဖြစ်၏။

ထို့ကြောင့်ပေတုံအကြောင်းပြောရာတွင် သောက်ယွင်သည် အာမခံမှုအပြည့်ဖြင့်ပြောပြနိုင်၏။

သောက်ယွင်သည်ယူရှောင်မိုအား သူသည်လည်း အလယ်ဘုံမှလာခဲ့ကြောင်းပြောပြလေသည်။ သို့သော်လုံရှန့်ပြည်မှမဟုတ်ဘဲ တခြားနေရာမှလာခဲ့​ခြင်းပင်။

အထက်ဘုံသည်တစ်ခုတည်းသာရှိပြီး အနှီကားတုံထျန်းပြည်သာဖြစ်၏။ သို့သော်အလယ်ဘုံနှင့်အောက်ဘုံတို့က တစ်ခုထက်ပိုပြီးတည်ရှိကြလေ၏။ အထူးသဖြင့်အောက်ဘုံအရေအတွက်ကပိုများပြီး သန်းတစ်ရာလောက်ရှိနေမည်ဟု ယူဆ၍ရနိုင်သည်။

" မင်းဆရာကအထက်ဘုံရဲ့စောရအရှင်ဆိုပြီး မင်းကျတော့အလယ်ဘုံကလူဖြစ်နေတယ်ပေါ့. .ဆန်းကြယ်လိုက်တာ. .မင်းတို့ပုံမှန်အားဖြင့် ဘယ်လိုတွေများဆက်သွယ်ကြတာလဲ ? "

尹琊's 传说之主的夫人{The Legendary Master's Wife}Dove le storie prendono vita. Scoprilo ora