[Zawgyi]
" ကျွန်တော်တို့ အဝတ်အစားတွေလဲလိုက်တာကို ဘယ်သူမှသတိမထားမိလောက်ပါဘူးနော် ? " ယူရှောင်မိုစိုးရိမ်တစ်ကြီးနှင့် မေးမြန်းမိသည်။ သူအပြင်ထွက်လာပြီးသည့်တိုင် ဤအချက်အား လုံးဝမစဉ်းစားမိခဲ့သည်မို့။
ပြောရမည်ဆိုလျှင် သူတို့မှာ တောင်ပေါ်တွင် လေ့ကျင့်ရေးဆင်းခဲ့ခြင်းဖြစ်ပြီး လူအများစုမှာ လေ့ကျင့်ချိန်အတောအတွင်း အလုပ်ရှုပ်ခံပြီး အဝတ်အစားမလဲတတ်ကြပေ။ သို့သော်လည်းဤသည်မှာ ပုံသေအချက်မဟုတ်။
" မင်း အတွေးလွန်နေပြီ " လင်းရှောင်ပြန်ဖြေလိုက်သည်။
ကိစ္စရပ်များရှုပ်ထွေးနေသည့်ကြားတွင် တစ်ဖက်လူဘယ်လိုဝတ်စားထားမှန်း မည်သူကမျှ အာရုံစိုက်လိမ့်မည်မဟုတ်။ အကယ်၍သူတို့ဝတ်စုံပြောင်းဝတ်ထားမှန်း တစ်ဖက်လူများသတိထားမိသည်ဆိုလျှင်တောင်မှ အထူးတလည်စိတ်ထဲထားကြမည်မဟုတ်ချေ။
" ကျွန်တော်က ဒီအတိုင်း သတိထားတာပါဗျ ! " ယူရှောင်မို သူ၏နှုတ်ခမ်းအား ပိတ်လိုက်တော့သည်။
ထိုအချိန်မှာပင် မာနဝင့်လွှားငှက် ပြန်လည်ရောက်ရှိလာတော့သည်။ သူသည် အဆင့်၉မှော်ဆေးပင်ကိုသာရှာဖွေခဲ့သည်မဟုတ်ဘဲ သူဂရုတစိုက်စောင့်ရှောက်ထားသော အဆင့်၁၀မှော်ဆေးပင်ကိုပါ ယူလာခဲ့လေသည်။ သူသည် လက်မြှောက်အရှုံးပေးရုံသာမက ကတိပြုထားရသည်မို့ သူ၏သစ္စာရှိမူအားပြသရန် ကြိုးပမ်းနေခြင်းသာဖြစ်သည်။
ယူရှောင်မိုသည် တုံ့ဆိုင်းမနေဘဲ ဆေးပင်နှစ်ပင်အား အိတ်ထဲထည့်လိုက်တော့သည်။ သူလုံးဝမသိသည်က အနှီအဆင့်၁၀မှော်ဆေးပင်မှာ ချိုရန်ရှာဖွေနေခဲ့သောဆေးပင်ဖြစ်နေသည့်အကြောင်းပင်။ထိုဆေးပင်သည် ချိုရန် အဆင့်၁၀ဆေးလုံးဖော်စပ်ရန်ပြင်ဆင်နေမှုအတွက် တစ်ခုတည်းလိုအပ်နေသောပါဝင်ပစ္စည်းဟုဆိုလျှင်လည်း မမှားချေ။ ကံမကောင်းသည်က ချိုရန်သည် မာနဝင့်လွှားငှက်၏ပြောင်မြောက်လှသောစွမ်းရည်ကြောင့် အနှီဆေးပင်အား ဘယ်တော့မှရယူနိုင်ခဲ့သည်မဟုတ်။ မာနထိခိုက်လျက်သာ အရှုံးကိုရင်ဝယ်ပိုက်ပြီး အမြဲနောက်ပြန်ဆုတ်ခဲ့ရစမြဲပင်။
BẠN ĐANG ĐỌC
尹琊's 传说之主的夫人{The Legendary Master's Wife}
Tiểu thuyết Lịch sửThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...