Chapter - 328 ( အိုစာမင်းစာ ၊ အိုစာမငျးစာ )

13.1K 1.8K 118
                                    

[Zawgyi]

ယူရှောင်မို အခန်းတွင်းသို့ဝင်လိုက်သည့်အချိန်တွင် သူသည်လင်းရှောင်တစ်ယောက် စားပွဲခုံပေါ်တွင် အထာကျသည့်ပုံစံဖြင့်ထိုင်လျက် ရေကိုတစ်ငုံချင်း သောက်နေသည်ကိုတွေ့လိုက်ရတော့သည်။ ယူရှောင်မိုလည်း လင်းရှောင်ထံအလျင်အမြန်ပြေးသွားကာ တက်တက်ကြွကြွနှင့်ပင် ရေထပ်ထည့်ပေးတော့သည်။

လင်းရှောင်သည်လည်း ခေါင်းမော့ကာ ယူရှောင်မို့ထံသို့အကြည့်တစ်ချက်ပစ်လွှတ်လိုက်၏။ ယူရှောင်မိုအမြင်မှားမိလားတော့မသိ သူ၏မျက်လုံးမှာ ရယ်မြူးရိပ်သန်းသယောင်ဖြစ်နေလေသည်။ တစ်ဖန်လင်းရှောင်သည် အမူအရာတည်ငြိမ်စွာဖြင့်ပင် ရေကိုကုန်အောင်သာ ဆက်သောက်နေတော့သည်။

ယူရှောင်မိုသည် ထိုင်ခုံတစ်လုံးအား အလျင်အမြန်ဆွဲယူကာ လင်းရှောင်၏ရှေ့တည့်တည့်တွင်ထိုင်ပြီး သူ့အားစူးရှစွာစိုက်ကြည့်နေတော့သည်။

လင်းရှောင်လည်း သူ၏ခွက်ကိုချလိုက်ပြီး ယူရှောင်မိုအားပြန်စိုက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်တော့သည်။ " ငါ့ကို အဲ့လိုမကြည့်ပါနဲ့ကွာ.. မဟုတ်ရင် ငါ့ကိုယ်ငါထိန်းချုပ်လို့ရတော့မှာမဟုတ်ဘူး "

ယူရှောင်မိုသည် တောထဲမှကာမစပ်ယှက်ခြင်းအမှုအားပြန်တွေးမိပြီးနောက် ဒေါသ​ဖြင့်မျက်နှာနီမြန်းသွားတော့သည်။

သူအတော်အသင့်စနောက်ပြီးသည်ဟု ခံစားမိသည့်နောက်တွင် လင်းရှောင်သည် လိုရင်းအကြောင်းအရာကိုဆက်ရန် သဘောထားကြီးစွာဖြင့် ဆုံးဖြတ်လိုက်လေသည်။

" မင်း ထျန်ရှင်းဂိုဏ်းကို သွားပြန်ကြည့်ချင်တယ်ဆိုရင် ဒီကနေအပြင်ကိုဘယ်လိုထွက်မလဲဆိုတာကိုစုံစမ်းဖို့လိုတယ် "

အဖွဲ့ခွဲ(၁) တွင် ထိပ်သီးကျောင်းသားအယောက်တစ်ရာကိုအပြင်ထွက်ခွင့်ပေးသော စည်းမျဉ်းစည်းကမ်းတစ်ခုရှိပေ၏။ သို့သော်လည်း အပြင်ထွက်ရန်အချိန်သည် နှစ်ရက်မျှသာ မလုံမလောက်ရသည်မို့ပင်။

" ခင်ဗျားဆီမှာ အကြံဥာဏ်လေးတစ်ခုခုများ မရှိဘူးလားဟင် ? " ယူရှောင်မိုသည် လင်းရှောင်ထံ မျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Dove le storie prendono vita. Scoprilo ora