[Unicode]💥
သွမ့်ချီထျန့်ကား ယခုကဲ့သို့အရှက်တကွဲအကျိုးနည်းအနိုင်ပိုင်းခံရမှုမျိုးအား ပထမဆုံးအနေနှင့်ခံစားဖူးခြင်းဖြစ်သော်လည်း သူ့အဖို့မကျေနပ်မှုများအား အောင့်အီးသည်းခံဖို့သာတတ်နိုင်သည်။ ယင်းအတွက်ကြောင့်လည်း သူပိုပြီးစိတ်အချဥ်ပေါက်နေ၏။
" စိတ်မဆိုးပါနဲ့ရှစ်ဖူရယ်. .လင်းရှောင်ကအမြဲအဲ့ လိုပါပဲ. .သူ့ကိုဒီအတိုင်းလျစ်လျူသာရှုထားလိုက်ပါဗျာ "
ယူရှောင်မိုလည်းအနှီအဘိုးအို၏ဒေါသများ သူ့အပေါ်သို့ပုံကျမည်စိုးသဖြင့် လန့်ဖြန့်စွာပင်ခပ်မြန်မြန်နားချနေတော့သည်။ သူ့အပေါ်ပုံကျလာလို့ကတော့ တကယ့်ကိုကြောက်ဖို့ကောင်းလိုက်မယ့်ဖြစ်ချင်း။
သွမ့်ချီထျန့်အပေါ်သို့ ယူရှောင်မို၏နားချမှုကမသက်ရောက်သည့်အပြင် ယူရှောင်မို့ထံသို့ ပစ္စည်းတစ်ခုအား စိတ်ဆိုးမာန်ဆိုးဖြင့်ပစ်ပေးလိုက်သည်။
" ယူလိုက်စမ်း "
သူကစူးရှကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။
ယူရှောင်မိုလည်းထိုပစ္စည်းအား ဖမ်းယူပြီးသည့်အခါတွင် အဘိုးကြီးမှသူ့ထံပစ်ပေးလိုက်သောထိုအရာသည် ကျောက်စိမ်းစာလိပ်တစ်ခုမှန်းသိရှိသွားပြီး ထိုကျောက်စိမ်းစာလိပ်သည် သူအရင်တုန်းကရှန်ကျီလော်၌ဝယ်ယူခဲ့သော သတင်းအချက်အလက်ကျောက်စိမ်းစာလိပ်ပုံနှင့်ကွဲပြားနေသည်။ ဤတစ်ခုမှာ အနီရောင်ဖြစ်၏။ သူမမေးကြည့်ဘဲ မနေနိုင်တော့ချေ။
" ရှစ်ဖူ. .ဒါဘာလဲဟင် ? "
" မင်းမှာမင်းကိုယ်တိုင်ကြည့်ဖို့ မျက်လုံးမပါဘူးလား ? "
သွမ့်ချီထျန့်က ဆူငေါက်လိုက်သည်။
ယူရှောင်မိုတစ်ယောက် မျက်ခုံးလှုပ်သွားရ၏။ သူသိပြီးသား။ လင်းရှောင်ရဲ့ရန်ဆွစကားကြောင့် သူပဲအထောင်းခံရတော့မယ်ဆိုတာ။ ဒီဟာကကျောက်စိမ်းစာလိပ်မှန်း သူသိတာပေါ့. .သူကအထဲမှာဘာပါလဲဆိုတာကို မေးချင်တာလေ ။
ယူရှောင်မိုသည် အဘိုးကြီး၏ဒေါသစက်ကွင်းမှ ရှောင်တိမ်းဖို့သာဆုံးဖြတ်လိုက်ပြီး တရိုတသေလေးလေးစားစားဖြင့် မေးမြန်းလိုက်သည်။
BINABASA MO ANG
尹琊's 传说之主的夫人{The Legendary Master's Wife}
Historical FictionThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...