[Unicode]🕷️
" ပြိုင်ပွဲအဆုံးသတ်ပြီ. .အနိုင်ရရှိသူက ယူရှောင်မိုပဲ "
ထိုအခိုက်အတန့်မှာပင် ယန်ဖာ၏သြဇာညောင်းသောအသံထွက်ပေါ်လာပြီး ပြိုင်ပွဲအားရိုးရှင်းစွာအဆုံးသတ်လိုက်သည်။
ပွဲကြည့်ပရိသတ်များသည်လည်း တစ်မဟုတ်ချင်းတစ်ခဲနက်အားပေးကြလေသည်။ ပိုင်လီရှောင်ယွီ ၊ ကျန်းရှောင်ဖုန်းနှင့် လျှိုယွဲ့တို့မှာ စိတ်အလှုပ်ရှားဆုံးဖြစ်ကြပေ၏။ သူတို့သည် ချန်ချင်းအာ၏ပြိုင်ဘက်မှာ ယူရှောင်မိုမှန်းကြားလိုက်ရကတည်းက အင်မတန်စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်ပြီး ယူရှောင်မိုမှအနှီအမျိုးသမီးအား အချိန်မဆိုင်းသည့်ရိုက်ချက်ပေးမည်ကို မစောင့်နိုင်လောက်အောင် ဖြစ်ခဲ့ကြသည်။
ချန်ချင်းအာလည်း တစ်ခဏကြာအောင် လုံးဝကြက်သေသေသွား၏။ သူမမျက်လုံးထဲမှရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များမှာ ချက်ချင်းဆိုသလိုပုံစံတစ်မျိုးပြောင်းသွားကာ ဝင်းလက်နေသည့်အကြည့်ဖြင့် ယူရှောင်မို့ထံသို့စူးစိုက်ကြည့်နေတော့သည်။ သူမကား ဝမ်းမြောက်ရွှင်မြူးနေသလိုအသွင်ဖြင့်
" နင်က. . . .ယူရှောင်မိုပေါ့ ? "
ယူရှောင်မိုလည်းသူမ၏အမူအရာကြောင့် ဦးနှောက်ခြောက်သွားရသည်။
သူ့ဘက်မှ " မင်းငါ့ကိုသိတယ်လား ? " ဟူ၍ပြန်ပြောတော့မည့်အချိန်တွင် ချန်ချင်းအာမှရုတ်ချည်းလှုပ်ရှားလိုက်သည်။ သူမ၏ပုံရိပ်မှာ နဂိုမူလနေရာမှထူးဆန်းစွာ ပျောက်ထွက်သွားခဲ့ပြီး တကယ်တမ်းယူရှောင်မို၏နောက်ကျောဘက်၌ ပြန်လည်ပေါ်ပေါက်လာ၏။
ဖြစ်စဥ်တစ်ခုလုံးမှာ တစ်စက္ကန့်၏ဆယ်ပုံတစ်ပုံလောက်တောင် မကြာမြင့်လိုက်ချေ။
ယူရှောင်မိုကားတုံ့ပြန်ဖို့ပင်မပြောနှင့် ချန်ချင်းအာတစ်ယောက်ပျောက်ထွက်သွားသည်ကိုတောင် လုံးဝဥဿုံမသိလိုက်ရပေ။
" သတိထား "
မျက်စိရှင်သောယန်ဖာကမူ ချန်ချင်းအာ၏လှုပ်ရှားမှုအားတွေ့မြင်လိုက်ကာ သူမ၏အငြိုးအတေးအား သတိပြုမိလိုက်သည်။ သူသည်ယူရှောင်မို့ထံသို့ ချက်ချင်းပြေးသွားချင်ခဲ့သော်လည်း သူဘာမှမလုပ်ရသေးခင်မှာပင် နံဘေးတွင်ရပ်နေသောယွီဝမ့်နန်သည် ရုတ်ချည်းဆိုသလိုတဟုန်ထိုးပြေးထွက်သွားလေ၏။ ယွီဝမ့်နန်၏ပစ်မှတ်ကား ယန်ဖာမဟုတ် ၊ လင်းရှောင်သာဖြစ်သည်။ သူ၏အမူအရာကင်းမဲ့သောမျက်နှာသည် ကောက်ကျစ်ဆိုးသွမ်းမှုများဖြင့်အစားထိုးခံလိုက်ရကာ အင်အားကြီးစွမ်းအားရှင်တစ်ယောက်၏အရှိန်အဝါများလည်းထွက်ပေါ်လာ၏။
ŞİMDİ OKUDUĞUN
尹琊's 传说之主的夫人{The Legendary Master's Wife}
Tarihi KurguThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...