Chapter - 346 ( အရမ်းဆာလောင်မွတ်သိပ်နေလို့ )

11.6K 1.7K 135
                                    

[Zawgyi]🌴🌅

သဲတံလျှပ်ပင်လယ်သည် ကမ်းမဲ့ပင်လယ်၏တစ်စိတ်တစ်ပိုင်းသာဖြစ်သော်လည်း အနှီဧရိယာကား အလွန်ရတက်မအေးလှသည့်နေရာအဖြစ် ကျော်ကြားလျက်ရှိပေသည်။

ယင်းနေရာမှ ဘေးပတ်ဝန်းကျင်အန္တရာယ်များမှာ စိုးရိမ်စရာကောင်းလွန်းသည့်အပြင် ခွန်အားအရာကြီးမားလှပြီး စွန်းအားကြီးသည့်မှော်ဝင်သားရဲများသည်လည်း ထိုဧရိယာအတွင်း၌ပင် ပုန်းခိုလျက်ရှိပေ၏။ အထောက်အထားများအရဆိုလျှင် သဲတံလျှပ်ပင်လယ်၏အခရာကား အဆင့်၁၀ မှော်ဝင်သားရဲတစ်ကောင်ဖြစ်သည်ဟူ၍ပင်။ အနှီသားရဲကား သဲတံလျှပ်ပင်လယ်ထဲတွင်ရှိကြောင်း နှစ်ပေါင်းများစွာကျော်ကြားလှသည့်အပြင် ကမ်းမဲ့မြို့၏ထိပ်သီးပုဂ္ဂိုလ်သုံးဦးတောင်မှ သူ၏အမျက်ဒေါသသင့်ခံရမှာစိုးရိမ်ကြလေ၏။ သို့ဖြစ်လေရာ ကမ်းမဲ့မြို့မှလူများသည် ပင်လယ်ထဲသို့ငါးဖမ်းထွက်ပြီဆိုလျှင် သဲတံလျှပ်ပင်လယ်ဘက်သို့မသွားကြသည့်အပြင် ထိုဧရိယာအား တမင်တကာကိုမှ ကွေ့ပတ်သွားတတ်ကြသည်။

သို့သော်လည်း ဓာတ်စွမ်းအင်နှစ်ကြောင့်ပင် လူသတ္တဝါအားလုံးသည် အနှီနေရာကား နဂါးများပုန်းအောင်းရန်ချောက်နက်ဖြစ်ပြီး ကျားများခိုအောင်းရန်သားရဲတွင်းဖြစ်မှန်း သိသိလျက်နှင့်တောင်မှ ထိုနေရာသို့ဇွတ်တိုးဝင်ချင်စိတ်များ ပေါ်ပေါက်လျက်ရှိနေတော့သည်။ ယန်ဖာသည်လည်း နောက်ဆုံးမှာတော့ ဒီမနက်ကိုးနာရီခန့်တွင် အကြီးအကဲငါးဦးနှင့်အတူ ရောက်ရှိလာတော့သည်။ သူတို့အချိန်းအချက်လုပ်ထားသည့်နေရာမှာ ဤတည်းခိုဆောင်သာဖြစ်ပြီး ယန်ဖာတို့အဖွဲ့ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းသားများသည်လည်းတစ်မဟုတ်ချင်း သတိထားမိကြလေ၏။

" ရှစ်ဖူ "

ကောင်းယန်မတ်တပ်ထရပ်လိုက်ကာ ယန်ဖာတို့အားခေါ်ဆိုလိုက်ပြီး သူ့ထိုင်ခုံနေရာအား သူ၏ရှစ်ဖူအတွက် နေရာဖယ်ပေးလိုက်တော့သည်။ ယန်ဖာလည်း ညင်သာစွာခေါင်းညိတ်ပြလိုက်ကာ ထိုနေရာအားဝင်ထိုင်လိုက်ပေ၏။ တစ်ခြားကျောင်းသားများမှာလည်း သူတို့ထိုင်ခုံနေရာများအား အကြီးအကဲများအတွက်နေရာဖယ်ပေးရန် ရည်ရွယ်ထားသော်လည်း အကြီးအကဲများသည် တခြားစားပွဲဝိုင်းအလွတ်သို့သာ သွားထိုင်လိုက်ကြသည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Wo Geschichten leben. Entdecke jetzt