အခန်း ၆ (ဖြူစင်သောနှလုံးသားရှိသူ)
"သေပြီလား"
"ထင်တာပဲ အသက်မရှူတော့ဘူး"
"အင်း ဒီလောက်နှိပ်စက်ခံထားရတာမှမသေရင် ထူးဆန်းနေမှာပေါ့"
"မင်းသားကိုသွားပြောကြမယ်"
သူတို့နှစ်ဦး ကျောက်စိမ်းမင်းသားထံ သတင်းသွားပို့သောအခါ ကျေနပ်နေသောအပြုံးတစ်ခုနှင့် 'သွားပစ်လိုက်တော့' ဟူသော အေးစက်စက်စကားတစ်ခွန်းသာပြန်ပြောခဲ့သည်...
အမှန်တွင် ကျောက်စိမ်းမင်းသားသည် မြို့ထဲမှ မိန်းကလေးအများစုထင်ထားသည့်အတိုင်း ကြင်နာတတ်သောယောကျ်ားတစ်ယောက်မဟုတ်ပါ။ အလွန်ခက်ထန်ကာ အညှိုးကြီးသူတစ်ယောက်ဖြစ်သည်။ ယောက်ျားတစ်ယောက်အဖြစ် အလွန်သဘောထားသေးသည်ဟုပြောရပေမည်။ ထို့အပြင်ဉာဏ်နီဉာဏ်နက်များလွန်းပြီး ကောက်ကျစ်သည့်အထဲတွင်လဲပါသည်ဟုပြောရပေမည်...
"မြန်မြန် ဒီအတိုင်းပဲပစ်ထားလိုက်တော့"
"ညဖက်ကြီး သချႋုင်းကိုလာရတာစိတ်မသန့်ဘူး မြန်မြန်သွားကြရအောင်"
ဖျာနှင့်ပတ်ထားသောအလောင်းအား တွင်းထဲသို့ပစ်ချကာ သေသေချာချာပင်မြေမဖို့ပဲ ဖြစ်သလိုဖို့ကာထွက်သွားကြလေသည်...
မှောင်မဲနေသော မဟူရာညကောင်းကင်နှင့် သချႋုင်းတွင်းရှိ အုတ်ဂူဖြူဖြူတို့မှာ စိတ်ခြောက်ခြားဖွယ်ရာ...
မကြာခဏဆိုသလို ငှက်ဆိုးတစ်ကောင်၏ တဂီးဂီး အော်မြည်သံကလည်းထွက်ပေါ်လာတတ်သေးသည်...
ထိုသို့ နက်မှောင်နေသောကောင်းကင်၏တစ်နေရာမှ အနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး လတ်တလောမှမြေဖို့ထားသော မြေပုံပေါ်၌ ရပ်တန့်သွားတော့သည်...ခေတ္တအကြာတွင် ထိုအနီရောင် အရာ၀တ္တုမှာ မြေပုံထဲသို့၀င်သွားကာ ထိုမြေပုံမှမြေများသည် ရှင်းလင်းသူမရှိပါပဲ ဘေးသို့ပြန့်ကြဲသွားတော့သည်...
YOU ARE READING
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Historical Fictionမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...