အခန်း ၂၂ (နျူရှန်-၂)

942 118 3
                                    

အခန်း ၂၂ (နျူရှန်-၂)

လအနည်းငယ်ကြာအတူနေထိုင်ကြပြီးနောက် ထိုသူ့အကြောင်းကို နျူရှန်ပိုသိလာရသည်။ သူမထင်ထားခဲ့သည့်အတိုင်း သူမ၏ခင်ပွန်း ရှိူလဲ့ သည် လူသားစင်စစ်မဟုတ်ဘဲ မြွေမိစ္ဆာတစ်ဦးဖြစ်နေသည်။ အစပိုင်းတော့ ထိတ်လန့်သွားခဲ့သော်လည်း ထိုသူ့ကိုချစ်သောစိတ်ကအနိုင်ယူသွားခဲ့သည်။

သူမတွင်လည်း သူနှင့်ရသော ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ သူသည် လစဥ် လကွယ်နေ့တိုင်း မိစ္ဆာဘုရင်၏တာဝန်ပေးချက်ကိုထမ်းဆောင်နေရသဖြင့် သူမနှင့်အတူရှိနေမပေးနိုင်ခဲ့ပေ။ တစ်ခုသောလကွယ်နေ့တွင် သူမအပြင်ထွက်ရင်း ကျားတစ်ကောင်၏ဒုက္ခပေးခြင်းကိုခံရလေသည်။ ကျားက သူမကို ခုန်အုပ်လုနီးပါးအချိန်တွင် မြားတစ်စင်းက ကျား၏နဖူးတည့်တည့်သို့စိုက်ဝင်သွားခဲ့သည်။

နျူရှန်သည် ကြောက်လန့်သည့်အရှိန်မပြေသေးသဖြင့် လဲကျရာမှမထနိုင်သေးပေ။ ထို့နောက် သူမကိုကယ်တင်လိုက်သူက သူမကိုလာထူပေးလေသည်။

"ရရဲ့လားမိန်းကလေး''

နျူရှန်လည်း သူမကိုကယ်တင်လိုက်သူကိုကြည့်ကာ...

"ဟုတ်ကဲ့ ရပါတယ် ကျေးဇူးတင်ပါတယ်နော်''

ထိုစဥ် ထိုသူနှင့်အတူလာဟန်ရှိသော အမျိုးသမီးငယ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

"အကို ဘာဖြစ်တာလဲ''

"ကျားတစ်ကောင်ပါ ဒီအမျိုးသမီးကိုတိုက်ခိုက်နေတာ အခုအဆင်ပြေသွားပါပြီ''

"သြော်''

ထိုသူက နျူရှန်ကိုကြည့်ကာ မိတ်ဆက်လိုက်သည်...

"ငါ့နာမည် ဟူပိုင်ပါ ဒါက ငါ့ညီမ ဟူလီ ငါတို့က ဒီတောင်ကိုလာနေကျ မုဆိုးတွေပါ မိန်းကလေးကဒီတောင်ပေါ်မှာနေတာလား အရင်ကမတွေ့ဖူးဘူးနော်''

(ဟူပိုင်=ကျား ၊ ဟူလီ=မြေခွေး)

"ဟုတ်ကဲ့ ကျွန်မဒီတောင်ပေါ်မှာနေတာပါ အရင်က ကျွန်မခင်ပွန်းနဲ့အတူလာနေကျပါ အခုမှတစ်ယောက်ထဲလာမိတာ''

ဟူပိုင် ထိုမိန်းကလေး၏ခင်ပွန်းဆိုသူကို ဒေါသဖြစ်မိသည်။ ဘယ့်နှယ် ကိုယ့်ဇနီးက ကိုယ်ဝန်ကြီးနဲ့ကို တစ်ယောက်ထဲထားခဲ့ရက်ရသလား...

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Donde viven las historias. Descúbrelo ahora