အခန်း ၁၅ (ဒုတိယ ရွေးချယ်မှု)

1.1K 113 12
                                    

အခန်း ၁၅ (ဒုတိယ ရွေးချယ်မှု)

မြို့စွန် တောအုပ်တွင်းတစ်နေရာရှိ ဇရပ်ပျက်တစ်ခုပေါ်တွင် နာကျင်မှုတို့ကြောင့်လူးလှိမ့်နေသော အနီရောင်ဝတ်မိန်းမပျိုလေးတစ်ဦး....

သူမသည် သူမ၏ဘယ်ဖက်ရင်အုံကိုဖိကာ နာကျင်မှုကိုပြင်းထန်စွာခံစားနေရသည်မှာ သူမ ရှန်းယွီကိုမသတ်ရန်ဆုံးဖြတ်လိုက်ကထဲကဖြစ်သည်။ သို့သော် လူအများရှေ့တွင် သူမအားတင်းထားခဲ့သည်။ ယခုမူ ယခင်ကထက်ပိုမိုနာကျင်စွာခံစားနေရသည်သာမက သူမ၏နားထဲတွင် မိုးချုန်းသံကဲ့သို့ ဆူညံသောအသံများကိုကြားနေရသည်။

ထိုသည်မှာ သူမကိုယ်ထဲရှိ မိစ္ဆာဓာတ်လုံးမှ ရန်ညှိုးဝိညာဉ်များကြောင့်ပင်ဖြစ်ပါသည်။

"အား...ဘာလို့လဲ...ဘာလို့အရမ်းနာကျင်ရတာလဲ''

"နင်...နင့်တာဝန်ကိုမကျေခဲ့ဘူး''

"သတ်ရမဲ့လူကိုမသတ်ဘူး''

သူမစိတ်ထဲတွင် ဒေါသဖြစ်လာကာ...

"ငါ့ဘာသာငါ သတ်ချင်သတ်မယ် မသတ်ချင်မသတ်ဘူး နင်တို့နဲ့ဘာဆိုင်လို့လဲ''

အသံခပ်သြသြတစ်ခုကသူမ၏ စကားကိုတုံ့ပြန်လေသည်။

"မင်းရဲ့ကိုယ်ထဲမှာ ရန်ညှိုးဝိညာဉ် တစ်ထောင်ကို စုထားတဲ့ မိစ္ဆာဓာတ်လုံးရှိတယ် မင်းဟာ နောက်ဆုံးဝိညာဉ်ပိုင်ရှင်ဖြစ်နေလို့ မင်းခန္ဓာကို ပြန်ရပြီး ကလဲ့စားချေခွင့်ရှိတာ မင်းမသေခင်ထဲက ကလဲ့စားချေမယ်လို့ဆုံးဖြတ်ထားတဲ့လူကို မင်းသတ်ကိုသတ်ရမယ် ဒါမှမဟုတ် အသေဆိုးနဲ့သေအောင် လုပ်ရမယ် ဒါပေမဲ့...မင်းက နောက်ဆုံးလူကိုလွှတ်ပေးလိုက်တယ် အဲ့ဒီအတွက် မင်း သေလုမျောပါးနာကျင်မှုကို နှစ်တစ်ထောင်ခံစားရမယ်...''

ဘုရား...ဘုရား နှစ်တစ်ထောင်တဲ့...
ခဏလေးတောင်သေမတတ်ခံစားနေရတာ နှစ်တစ်ထောင်ဆိုလျှင်....

"ငါ့ကိုသာသတ်လိုက်ပါတော့...''

"မရဘူး မင်းဒါကိုမခံနိုင်ဘူးဆိုရင် ရွေးချယ်စရာတစ်ခုပဲရှိတော့တယ်''

"ရတယ် ရတယ် ကျွန်မအဲ့ဒါကိုရွေးမယ် အရမ်းနာကျင်နေလို့ပါ...ကျွန်မကိုလွှတ်ပေးပါ''

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ