အခန်း ၁၆ (နှစ်သက်ဖွယ် လက်ချောင်းကလေးများပိုင်ရှင်)

1.1K 121 3
                                    

အခန်း ၁၆(နှစ်သက်ဖွယ် လက်ချောင်းကလေးများပိုင်ရှင်)

သူဋ္ဌေးကြီးရော မိတ်ဆွေရော ပါးစပ်ပိတ်သွားကြသည်။ သူဋ္ဌေးကြီး၏မျက်နှာတွင် မကျေနပ်ချက်တို့ကအထင်းသား...

ကျူးသခင်မသည် အလွဲလွဲအချော်ချော်ဖြစ်နေသော သူမ၏ပါးစပ်ကို လက်ဝါးဖြင့်ပိတ်ကာ သခင်ကြီးအား ထိတ်လန့်စွာကြည့်လိုက်သည်...

တင်းမာနေသော သခင်ကြီး၏မျက်နှာထားကိုမြင်သောအခါ ခြေဖျားလက်ဖျားများပင် အေးစက်လာတော့သည်။

"သခင်ကြီး ဒီထက်ချမ်းသာပါစေ သားသမီးရတ​နာများလည်းတိုးပွားပါစေ''

"ကျွန်မက ကလေးမမွေးနိုင်ဘူးလေ ရှင့်ရဲ့ဆုတောင်းက သူ့ကိုယ်လုပ်တော်တွေအတွက်တောင်းပေးနေတာလား''

ကျူးသခင်မ၏စကားအဆုံးတွင် သခင်ကြီး၏မျက်နှာသည် ခရမ်းချဥ်သီးကဲ့သို့နီရဲလာပြီး သခင်မအားအော်ငေါက်လိုက်တော့သည်...

"မင်းတိတ်တိတ်နေစမ်း သွားတခြားကိုသွားနေ''

"ကျွန်မ မဟုတ်...''

"တော်....မင်းငါ့မွေးနေ့ပွဲမှာ ငါ့ကိုအရှက်ခွဲနေတာလား မင်းဟာ သခင်မကြီးဖြစ်နေလို့ကံကောင်းသွားတယ်မှတ်''

သူဋ္ဌေးကြီး၏ အံတကြိတ်ကြိတ်နှင့်ပြောစကားများကြောင့် ကျူးသခင်မ ခေါင်းငုံ့သွားသည်။ ကလေးမမွေးနိုင်သော်လည်း သူမ ယနေ့အထိ သခင်မကြီးနေရာတွင်ရှိနေသေးသည်မှာ သူမသည် အေးဆေးသော အမျိုးသမီးတစ်ဦးဖြစ်သည်ဟု သခင်ကြီးကထင်သောကြောင့်ပင်။

ထိုသို့ထင်စေရန်လည်း သူမ အလွန်ကြိုးစားခဲ့ရသည်။ သခင်ကြီး၏ရှေ့တွင် သိမ်မွေ့သော ၊ သဘောထားကြီးသော သခင်မကြီးတစ်ယောက်အဖြစ် ဟန်ဆောင်ကာနေသော်လည်း သခင်ကြီး၏ကွယ်ရာတွင် သခင်ကြီးနှစ်သက်သော ကိုယ်လုပ်တော်များ ၊ မယားငယ်များကို သူ့နည်းသူ့ဟန်ဖြင့်ရှင်းထုတ်ခဲ့သည်။

သခင်ကြီး၏ရှေ့တွင်တော့ ထိုမယားငယ်များအတွက် ဝမ်းနည်းကြေကွဲဟန်ဆောင်ကာ စျာပန ကိုပင် သူမကိုယ်တိုင်ဦးစီးလုပ်ဆောင်ခဲ့သည်။

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Where stories live. Discover now