အခန်း ၁၀ (ပြောင်းပြန်ရလဒ်)
အချိန်များကုန်ဆုံးလာသည်နှင့်တပြိုင်နက် အဖြစ်အပျက်များလည်း တစ်ခုပြီးတစ်ခုဖြစ်ပျက်သွားခဲ့သည်။ ဖူရွယ်သည် ကျောက်စိမ်းမင်းသား၏မိဖုရားဖြစ်လာသည်။ ဖူမိန်မှာတော့ မိဖုရားမုညန်၏အစေခံသာသာဖြစ်သွားခဲ့သည်။ ရှောင်မေ၏စီစဥ်မှုအရ ဖူမိန်သည် သူမ၏ဖခင်ဖြစ်သူနှင့်အမြဲတွေ့ခွင့်မရပေ။ တွေ့ခွင့်ရသည့်အခါတွင်လည်း ပြန်မတိုင်ရဲပေ။ ဒီထက်ဆိုးသောဒုက္ခများရောက်လာမည်ဖြစ်ကြောင်းသူမနားလည်သည်။
ဖူအမတ်ကြီးလည်း သမီးငယ်၏အခြေအနေကိုမသိသည်မဟုတ်။ သမီးကြီး၏ခင်ပွန်းဖြစ်သူ မင်းသားရှန့်ဝူအား ထောက်ပံပေးရသောကြောင့် ဖူအိမ်တော်မှာ ယခင်ကဲ့သို့ ကောင်းမွန်စွာ မလည်ပတ်နိုင်ပေ။ သို့သော် ရှန်းဝူ ဧကရာဇ်ဖြစ်သွားလျှင် ထိုအရာများမှာ မပြောပလောက်ပါပေ။ ဖူရွယ်၏အကြံပေးချက်အရ လူအင်အား ၃၀၀၀ရှိသော စစ်တပ်တစ်ခုကို လျှို့ဝှက်စွာ တည်ထောင်ထားပြီးဖြစ်သည်။
အရှင်မင်းကြီး ရုတ်တရက်နတ်ရွာစံသွားသောကြောင့် စျာပနပွဲအပြီးတွင် အိမ်ရှေ့စံ နန်းတက်ပွဲကျင်းပမည်ဖြစ်သည်။ ထိုပွဲတွင် လူအင်အားပြကာ ထီးနန်းလုမည်ဖြစ်သည်။ သူသည် ဧကရာဇ်၏ ယောက္ခမတော်ဖြစ်လာတော့မည်။
ဖူအမတ်ကြီး တွေးရင်း တွေးရင်း စိတ်ကြည်နူးလာသည်။ မိမိ၏သမီးတစ်ယောက်မှာ အိမ်ရှေ့စံ၏မိဖုရားတစ်ပါးဖြစ်သော်လည်း မိမိအားပြန်လည်ကြည့်ရှုခြင်းမရှိပေ။ မိမိဖက်ကလည်း ထိုကလေးအား ရှိတယ်ဟုပင် မသတ်မှတ်ခဲ့။ ဘယ်သူထင်မိမလဲ ဒီလိုမထင်မရှားနဲ့သမီးက မိဖုရားဖြစ်လာမယ်ဆိုတာ...
မနက်ဖြန် ထီးနန်းသိမ်းပြီး ၊ ရှန်းယွမ်အားသေမိန့်ပေးပြီးလျှင် သမီးငယ်ဖူမိန်အားကယ်ဆယ်မည်။ ဖူရှောင်မေနှင့် ကျန်မိဖုရားများကို နယ်နှင်ဒဏ် ပေးမည် ဟု ဖူရွယ်ကပြောသည်။
ဒီညတော့ အိပ်ပျော်တော့မည်မထင်...။................................................................................................
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ''
ရာဇပုလ္လင်ထက်တွင် မင်းကြီးနှင့်မိဖုရားတို့ယှဥ်တွဲထိုင်နေသည်ကိုကြည့်၍ပီတိဖြစ်နေသူက မိဖုရားဖူရှောင်မေ...
YOU ARE READING
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Historical Fictionမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...