အခန်း ၂၅ (ယုန်ကင်ကြိုက်လား ငှက်ကင်ကြိုက်လား)
"လာ လာ သွားကြည့်ရအောင်''
"ထူဇီ မဖြစ်ဘူးထင်တယ်နော်''
"ဘာလို့မဖြစ်ရမှာလဲ ဒါငါတို့အတွက်မဟာအခွင့်အရေးပဲ မိစ်ဆာဧကရီကို သူများတွေထက်အရင်မြင်ရမှာ''
တိုးတိုး တိုးတိုး ဖြင့် ရှောင်လန်ရှိရာအခန်းနားကိုချဉ်းကပ်လာသူနှစ်ဦးမှာ ယုန်မိစ်ဆာမလေး ထူဇီ နှင့် ငှက်မိစ်ဆာမလေး နျောင်အာ...
သူမတို့နှစ်ဦးမှာ မိစ်ဆာဘုရင်၏အားကိုးရသော လက်ထောက်များထဲမှ နှစ်ယောက်ဖြစ်သည်။
ထူဇီသည် မိစ်ဆာဘုရင်နှင့်မတွေ့သေးခင်က လေလွင့်နေသော ယုန်မိစ်ဆာမလေးဖြစ်သည်။သူမအားနည်းနေစဉ် လူပုံစံပြောင်းမရတော့သည့်အချိန်တွင် အမှောင်မြို့တော်အနီး လူသားများ၏ယာခင်းထဲမှ မုန်လာဥခိုးနေသည်ကို မိသွားသဖြင့် ယုန်အသွင်ဖြင့် ထွက်ပြေးရစဉ်က မိစ်ဆာဘုရင်နှင့်တွေ့ကာ သူမကိုကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူမသည် မိစ်ဆာဘုရင်၏လက်ထောက်ဖြစ်လာခဲ့သည်။ အစားပုပ်ခြင်း၊ စပ်စုတတ်ခြင်း နှင့် လျှပ်ပြာလျှပ်ပြာနိုင်ခြင်း မှလွဲ၍ အားကိုးရသော လက်ထောက်တစ်ဦးဖြစ်သည်။ သူမသည် မိစ်ဆာဘုရင်ပြီးလျှင် မြွေမိစ်ဆာရန်ကျင့်ကို အလွန်ကြောက်သူဖြစ်သည်။ ရန်ကျင့်က တစ်ခါတစ်ရံ မြွေမျက်နှာအသွင်ပြောင်းကာခြောက်လှန့်လျှင် သူမ၏ယုန်တွင်းထဲ ဝင်ပုန်းနေတတ်သည်။
ယုန်မိစ်ဆာမလေး ထူဇီ
နျောင်အာသည် ကောင်းကင်ဘုံမှ လေနတ်မင်း၏သမီးတော်တစ်ပါးဖြစ်သည်။အမည်ရင်းမှာ ဖုန်းမင်ရှင်း ဖြစ်သည်။သို့သော် ဖခင်ကပေးထားသောအမည်ကိုမနှစ်သက်သဖြင့် နျောင်အာ(ငှက်ကလေး)ဟု အမည်ပြောင်းထားသည်။ လေနတ်မင်းသည် မိစ်ဆာမတစ်ဦးနှင့်ချစ်ကြိုက်မိ၍ နျောင်အာမွေးဖွားခဲ့ခြင်းဖြစ်သဖြင့်။ မိစ်ဆာသွေးတစ်ဝက်ပါသော နျောင်အာသည် လေနတ်မင်း၏သမီးတော်တစ်ပါးအနေဖြင့် အလွန်မျက်နှာငယ်ရသူဖြစ်သည်။ ထို့ကြောင့် သူမကိုယ်သူမ မိစ်ဆာအဖြစ်ခံယူကာ အမှောင်မြို့တော်တွင် မိစ်ဆာဘုရင်၏လက်ထောက်အဖြစ်နေထိုင်ခဲ့ခြင်းဖြစ်သည်။ ထူဇီနှင့် လွန်စွာအတွဲညီလှသူဖြစ်သည်။ ထူဇီကို ရန်ကျင့်အနိုင်ကျင့်လျှင် ရန်ကျင့်ကို သူမက ပြန်အနိုင်ကျင့်တတ်သည်။
VOCÊ ESTÁ LENDO
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Ficção Históricaမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...