အခန်း ၂၀ (နှလုံးသားမှ အမုန်းတရား)
ရှောင်လန်လည်း အံ့သြသွားသည် ဒါဆိုစစ်သူကြီးက ဟန်မေရန်ရဲ့ချစ်သူဆိုတာပေါ့...
"ဒီအကြောင်းကြောင့် ငါ့ကို ရက်ရက်စက်စက် အဓ္ဓမပြုကျင့်ခံရအောင်လုပ်ပြီး သတ်ခဲ့တာပေါ့...''
"ဟား ဟား ဟား ဟား.........''
ဟန်လောရွှယ်၏ စိတ္တဇဆန်ဆန် ရယ်မောသံသည် သန်းခေါင်ယံတွင် ကြက်သီးထဖွယ်ထွက်ပေါ်လာခဲ့သည်။
"နင့်လို ကိုယ့်ကိုယ်ကို အထီးမှန်းမသိ အမမှန်းမသိကောင်က ယုံးကိုကိုဆီက အချစ်ကို ရနေတာ တန်လို့လား နင်က အပေါစားသက်သက်ပဲ ယောကျ်ားတွေကိုကြိုက်တဲ့နင့်ကို ယောကျ်ားတွေလက်ဆောင်ပေးခဲ့တာလေ နင့်ဆန္ဒပြည့်ဝခဲ့ရဲ့လား ဟားဟား ဟားဟား.....''
"ဝုန်း....''
အခန်းတံခါးပျက်ဆီးသွားသံနှင့်အတူ ဓားကိုင်ပြီးဝင်ရောက်လာခဲ့သူက စစ်သူကြီးယုံးကျီ...
"ငါ့ချစ်သူကို သတ်တဲ့ မိန်းမပျက်''
ယုံးကျီသည် ဟန်လောရွှယ်ဆီသို့ တဟုန်ထိုးပြေးလာခဲ့ပြီး သူမအား ဓားဖြင့်ခုတ်ချလိုက်တော့သည်။
"အ.....ယုံးကျီ.....ရှင်... ''
"မင်းငါ့ကိုပိုင်သာပိုင်ခဲ့မယ် ငါ့နှလုံးသားက မေရန်အတွက်ပဲ''
ယုံးကျီ အခန်းရှေ့သို့ရောက်လာမှန်းသိသဖြင့် ရှောင်လန် သူမ၏ မိစ္ဆာအငွေ့အသက်ကိုဖယ်ရှားလိုက်ပြီး ဟန်လောရွှယ်၏စကားများကို ကြားစေခဲ့သည်။
"နောက်ဆုံးတော့...ကျွန်မရှင့်ကို ချစ်ခဲ့တဲ့ ရလဒ်က ဒါတဲ့လား...ကျွန်မကို အဲ့ဒီ့မိန်းမလျာကိုချစ်သလို နည်းနည်းလေးမှမချစ်ခဲ့ဘူးလား''
"အစကတော့မချစ်ဘူး အခုတော့မုန်းတယ် မင်းကိုသေအောင်မုန်းတယ်...မင်း...သေလိုက်တော့....''
ယုံးကျီသည် သူ၏လက်ထဲမှဓားဖြင့် ဟန်လောရွှယ်အား နောက်တစ်ချက်ထပ်ခုတ်လိုက်သည့်အခါ ဟန်လောရွှယ် ငြိမ်ကျသွားတော့သည်။
"ချွမ်း...''
ယုံးကျီလက်ထဲမှ ဓားလွတ်ကျသွားပြီး ယုံးကျီသည် ထိုအခန်းပတ်ပတ်လည်အား လှည့်ပတ်ကြည့်ကာ...
YOU ARE READING
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Historical Fictionမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...