အခန်း ၃ (ကံဆိုးခြင်းမုန်တိုင်း)
သူမတို့နှစ်ဦး လိုက်သာလိုက်လာရသည် အမျိုးသမီးကြီးအားသိပ်မသင်္ကာပေ...
"ရှောင်မေ"
"ဟင်"
"တစ်ခုခုတော့မှားနေသလိုပဲနော်"
"ငါလဲအဲ့လိုထင်တယ် ရှောင်လန် ငါကြောက်တယ် ငါတို့ပြန်ရအောင် ကေျာက်စိမ်းမင်းသားကိုမတွေ့ရလဲနေပါစေတော့"
"ငါတို့လှည့်ပြေးရအောင်"
သူမတို့ထွက်ပြေးရန်တိုင်ပင်နေစဉ် သူမတို့၏ ဇတ်ပိုးမှကျင်ခနဲဖြစ်သွား၍ အမှောင်ကမ်ဘာထဲသို့ရောက်ရှိသွားတော့သည်...
'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'
မယ်ဟွာ...
ကြာပန်းဂေဟာမှူး...
သူမ မိန်းမပျိုနှစ်ယောက်အားလှည့်စားနိုင်ခြင်းကြောင့်ကြိတ်၍ပီတိဖြစ်နေစဉ်် ထိုနှစ်ယောက်မှာ သူမ၏အကြံအစည်များအားရိပ်မိသွားဟန်တူသည်...
ထို့ကြောင့် ကိုယ်ရံတော်များအား အချက်ပေးလိုက်သည်နှင့် ကိုယ်ရံတော်များက မိန်းကလေးများ၏ဇတ်ပိုးအား လက်ဝါးစောင်းဖြင့်ရိုက်ချလိုက်သည်...
ထို့နောက်သတိမေ့နေသောမိန်းမပျိုနှစ်ဦးအား ကြည့်ကာ ကောက်ကျစ်စွာပြုံးလိုက်လေသည်...'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'
ညမှောင်နေပြီဖြစ်သော်လည်း ကြာပန်းဂေဟာတွင်မူ တီးမှုတ်သံ ရယ်မောသံတို့ဖြင့်ဆူညံေ၀စည်နေလေသည်...
အမျိုးသမီးများ၏ကြာမူဟန်ပါပါရယ်မောသံများ အမျိုးသားများ၏ရယ်မောသံများသည် ကြာပန်းဂေဟာတွင်ပျံ့လွင့်နေလေတော့သည်...ကျောက်စိမ်းမင်းသားမှာရယ်ကာမောကာဖြင့် အမျိုးသမီးများအားပွေ့ဖက်ပျော်ပါးနေသော်လည်း ရေခဲမင်းသားမှာမူ သူ၏ပုံစံအတိုင်း ခပ်တည်တည်မျက်နှာထားဖြင့် ဝါးရွက်စိမ်းအရက်ကိုအရသာခံသောက်နေလေသည်...
ESTÁS LEYENDO
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Ficción históricaမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...