အခန်း ၄ (အာဏာတဲ့လား???)
ကြာပန်းဂေဟာအတွင်းရှိ အထူးခန်းတစ်ခန်းထဲတွင်ဖြစ်သည်...
ခုတင်ပေါ်တွင်မိန်းမပျိုလေးတစ်ယောက် အိပ်ပျော်နေလေသည်...
မျက်ရည်စီးကြောင်းများက သူမ၏ဖြူနုနေသောမျက်နှာပေါ်၀ယ် ထင်ရှားစွာနေရာယူထားသည်။ ခုတင်ဘေးရှိ စားပွဲပေါ်တွင် ရေနွေးကြမ်းအိုးတစ်အိုးထားရှိပြီး ဆင်စွယ်ရောင်ပိုးသား၀တ်စုံနှင့်ယောကျ်ားပျိုတစ်ဦး ရေနွေးကြမ်းထိုင်သောက်နေသည်။ သူ၏ညှို့ဓာတ်ပြင်းသော မျက်၀န်းအစုံက ခုတင်ပေါ်မှမိန်းမပျိုအား ခဏခဏလှမ်းကြည့်နေသေးသည်။ခဏအကြာတွင် ခုတင်ပေါ်မှမိန်းမပျို အနည်းငယ်လူးလှိမ့်လာပြီး သူမ၏ ကြည်လင်သော သမင်မျက်၀န်းကလေးများပွင့်ဟ လာလေသည်...
ထို့နောက်မိန်းမပျိုသည် လက်ရှိအခြေအနေကိုသဘောပေါက်သွားကာ အိပ်ယာမှကုန်းရုန်းထလိုက်သည်။ ထိုအခါမှသူမ၏ကိုယ်တွင်အ၀တ်မကပ်သည်ကိုသတိထားမိသွားကာ မျက်ရည်များစီးကျလာပြန်သည်...
ရေနွေးကြမ်းသောနေသောယောကျ်ားပျိုမှာ မိန်းမပျိုအားတစ်ချက်မှလှည့်မကြည့်ပေ...
မိန်းမပျိုမှာ သူမ၏စိတ်ကိုတင်းကာ စကားတစ်ခွန်းပြောလိုက်သည်...
"ကျွန်မ သူငယ်ချင်း...သူ...အဆင်ပြေရဲ့လား"
"......."
ယောကျ်ားပျိုထံမှ စကားတုံ့ပြန်မလာ...
"သူရော...ကျွန်မလိုပဲ..."
မိန်းမပျိုမှာ စကားပြောနေရင်းအသံတိမ်၀င်သွားတော့သည်...
ယောကျ်ားပျိုသည် ရေနွေးပန်းကန်ကိုလက်မှချကာ သူ၏ညှို့ဓာတ်ပြင်းသောအသံဖြင့်..."သူ နှိပ်စက်ခံထားရတယ် ဒီအချိန်ဆိုသေလောက်ပြီပေါ့"
ထိုအခါ တင်းထားသမျှစိတ်တို့ ပျော်ကျသွားကာ သည်းထန်စွာငိုက်ရှိုက်နေမိတော့သည်...
ထိုစဉ် အခန်းတံခါးမှာအပြင်မှ ဆောင့်တွန်းကာဖွင့်လိုက်သကဲ့သို့ ကျိုးပျက်မတတ်ပွင့်သွားတော့သည်...
ESTÁS LEYENDO
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Ficción históricaမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...